ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ တောင်ယာကုန်းရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းတစ်ခုမှာ ကမ်းပါးပြိုကျပြီး လက်ကျင်းတူး ရေမဆေးကျောက်ရှာသူ ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၁ရက် မနက် ၉နာရီခွဲလောက်မှာ တောင်ယာကုန်းကျေးရွာရှိ တင်အောင်ကြိုင် ကုမ္ပဏီလုပ်ကွက်ဟောင်း ကမ်းပါးမှာ လက်ကျင်းတူးနေတဲ့ ရေမဆေးကျောက်ရှာသူ ကိုမင်းဇော်က “သေဆုံးသူ နှစ်ဦးပါ။ ကျောက်ကျင်းတူးသူတွေပါ။ ကမ်းပါးပြိုရာမှာ မြေစာနဲ့အတူ ရောပါ သေဆုံးသွားတာပါ။ အရင်ကတော့ အဲ့နေရာမှာ မြေပြိုတာ မကြားမိပါဘူးဗျ။ ဖားကန့်မှာတော့ ကမ်းပါးပြိုတာ၊ နွံကန်ပေါက်တာ တွေကြောင့် လူအစုလိုက်သေဆုံးမှုတွေ ရှိပါတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်း ကိုပြောပါတယ်။

ကျောက်ကျင်းတူးနေတဲ့အထက်မှာ ခေါင်းပေါင်းမြေစာ ထုပေ ၃၀ ခန့် ပြိုကျပြီး ကျောက်ကျင်းတူးနေသူတချို့ အမြင့်ပေ ၂၀၀ ခန့်ကနေ မြေစာနဲ့အတူ ပြုတ်ကျခဲ့ပြီး ကိုမင်းဇော် (၄၂)နှစ်နဲ့ ကိုလင်းခန့်သူ (၁၉)နှစ်တို့ မြေစာပိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၂ယောက်ဟာ (ဒေသအခေါ် လောပန်း) ဦးစိုးမြင့်ခိုင်ထံမှာ အစုစားနဲ့ ရေမဆေးကျောက် တူးကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်တွင် မြေစာပိ သေဆုံးခဲ့သူ

“ရှာဖွေရေးကို အဲ့အနီးနားကလူတွေနဲ့ သေဆုံးသွားသူရဲ့ မိသားစုတွေကပဲ ရှာကြတာပါ။ လူမှုရေးအသင်းတွေက ရုပ်အလောင်းတွေ့တဲ့အခါ သုဿန်ပို့ဆောင်ပေးကာ သင်္ဂြိုဟ်နိုင်ဖို့ စီစဉ်ပေးတာပဲ လုပ်နိုင်ပါတယ်” လို့ အထက်ပါ ဖားကန့်နယ်ခံက ဆက်ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့အနီး မှော်မောင်းယန်၊ တောင်ပြို ကျေးရွာတွေမှာ ၅နှစ်နီးပါး ရပ်နားထားတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီလုပ်ငန်းသုံး စက်ကြီး အစီး ၄၀ နဲ့ ကား ၃၅ စီး အပါအဝင် စက်ယန္တရား အများအပြားကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နောက်ထပ် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

“ဒီလ ၁၂ရက်ကနေ ဒီနေ့အထိ ရှို့တယ်။ သူတို့က မောင်မောင်းလျန် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ တောင်ပြိုရွာတော့ မရောက်နိုင်သေးတော့ လမ်းရှင်းသလိုနဲ့ နေ့တိုင်းရှို့တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ KIA ၊ KPDF တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သေဆုံးမှုများလာတိုင်း တောင်ပြိုရွာကို မီးလောင်ဗုံးကြဲတဲ့အတွက် ရွာသူရွာသား အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ကြရကာ ဝန်ထမ်းအနည်းငယ်၊ အဆောင်စောင့်တွေနဲ့ စက်/ယာဥ် စောင့်သူတွေသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ပုဂ္ဂလိကပိုင် ကုမ္ပဏီလုပ်ငန်းသုံး စက်ကြီးများနှင့် ကားများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ပုံ

 

0 Shares:
You May Also Like
Read More

ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။
Read More

မတ်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်လာသူနှင့် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်း စုစုပေါင်း ၂၇ ဦး ရှိ

၂၀၂၅ ခုနှစ် မတ်လ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၇ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ဆိပ်ဖြူတွင် ကပစ ကိုလာသည့် စစ်ကားများကို စောင့်ကြိုတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၁၁ ဦး သေဆုံး

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) - Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More

လျှပ်စစ်မီးရဖို့ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် နေရာ ၁၆ ခုမှာ ရေအားလျှပ်စစ်ထုတ်မယ်လို့ စစ်ကောင်စီ ဆိုပြန်

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်က နေရာ ၁၆ ခုထက်မနည်းမှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားလိုက်ပါတယ်။