အင်ဒိုနီးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည်တင် ၂၈၀ ‌ကျော်လိုက်ပါစီးနင်းလာတဲ့ သင်္ဘော ၁ စီးမီးလောင်မှုဖြစ်ပွားပြီး လူ ၅ ယောက်ခန့်သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက လူပေါင်း ၂၈၀ ကျော်တင်ဆောင်ထားတဲ့ ခရီးသည်တင်သင်္ဘောဟာ မြောက်ဆူလာဝေစီပြည်နယ် တာလုခရိုင်ကျွန်းမှ မြို့တော်မာနာဒိုသို့ သွားရောက်နေစဉ် ရုတ် တရက် မီးလောင်မှုဖြစ်ပွားပြီး ခရီးသည်တွေဟာ သက်ကယ်အင်္ကျီတွေ ဝတ်ဆင်ပြီး ပင်လယ်ပြင်ထဲကို ခုန်ချခဲ့ကြပါတယ်။

ပင်လယ်ထဲက ခရီးသည်တွေကို ကမ်းခြေစောင့်တပ်၊ ရေတပ်နဲ့ ကယ်ဆယ်ရေးတွေက အရေးပေါ်ကယ်ဆယ်နိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Abdul Rahman Agu)
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်အုပ်စုနှင့် မပတ်သက်ဘဲ မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်စေလိုကြောင်း ကိုရီးယားသမ္မတရုံးကို တောင်းဆိုစာပေးပို့

ဒီနေ့မှာ ကျရောက်တဲ့ ၃၇ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တောင်ကိုရီးယား၊ ဆိုးလ်မြို့က သမ္မတရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကိုရီးယားအစိုးရကို အိတ်ဖွင့်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဆီယံ AHA Centre က ငလျင်အတွက်အကူအညီများပေးအပ်

မြန်မာနိုင်ငံက အင်အားပြင်းငလျင်​ဘေးအတွက် အာဆီယံ AHA Centre က လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် ပစ်မှတ်ထားသည့် ILO ၏ အရေးယူမှု ဘယ်လိုသက်ရောက်မလဲ

ILO က ချမှတ်လိုက်တဲ့ အရေးယူမှုဆုံးဖြတ်ချက်ဟာ အခြေခံ စက်မှုကုန်ထုတ်လုပ်သားတွေအပေါ် ထိခိုက်မှုရှိမှာ မဟုတ်သလို နိုင်ငံကို စီးပွားရေးပိတ်ဆို့စေမှာ မဟုတ်ကြောင်း၊ စစ်အုပ်စုနဲ့အပေါင်းအပါတွေကိုသာ ပစ်မှတ်ထားအရေးယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် က မောင်းကို ပြောပါတယ်။
Read More

NUG ဂျပန်ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရေး ဆောင်ရွက်နေ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအနေနဲ့ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ငလျင်ဘေးဆိုင်ရာ အရေးပေါ်ကူညီနိုင်ရေးကော်မတီကို အရေးပေါ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နယူးယောက်မြို့တွင် ကျင်းပသည့် “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဥ်ဖြင့် အခမ်းအနားကို NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ “မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတွေနဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။