ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။

ဇူလိုင်လ ၂၁ရက် ဒီနေ့မနက်အစောပိုင်းမှာ ရေတာရှည်မြို့မရဲစခန်းရှိရာကို UG တပ်ဖွဲ့ဝင်တွေက လက်လုပ် 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေတာရှည်မြို့မရဲစခန်းကို တိုက်ခိုက်မှုကြောင့် ရဲစခန်းနဲ့ တစ်ဆက်တည်းရှိနေတဲ့ ကြံ့ခိုင်ရေးပါတီရုံးနဲ့ ရွေးကောက်ရုံးတွေပါ ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။
“အဓိကတော့ ရဲစခန်းကိုလုပ်ခဲ့တာပါ။ ဒါပေမယ့် ကြံ့ဖွတ်ရုံးနဲ့ ရွေးကောက်ရုံးက တဆက်တည်းရှိနေတော့ အဲ့ဒါတွေပါ ထိခိုက်နိုင်တယ်။ ဘာလို့ဆို ပစ်ခဲ့တာကလည်း ၁၄လုံး၊ နောက်ပြီး အဲ့နေရာကလည်း တော်တော်လေးကျယ်တော့ ထိခိုက်မှုပြင်းနိုင်တာပေါ့။ သတင်းကတော့ မရသေးပါဘူး။ သိရရင်ပြောပါမယ်” လို့ Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Black Leopard UG ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး 31UG က လက်နက်ခဲယမ်းနဲ့ လူအင်အားတွေ အားဖြည့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ရက်နေ့ကလည်း နေပြည်တော်၊ သာဝတ္ထိနယ်မြေရဲစခန်းကို Black Leopard UG နဲ့ 31 UG က အခုလိုပဲ လက်လုပ် 79 ထောက်ပြောင်း 40mm တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပါတယ်။

ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ
ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ
0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ချိန် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ စစ်သားများ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ ပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို ပြောက်ကျားအဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၅ရက် ဒီမနက်အစောပိုင်းမှာ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် ၉၀ ဦးအတွက် ကျည်ကာအစုံ ၉၀ ဝယ်ယူတပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထနောင်းစစ်ကြောင်း၊ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် အယောက် (၉၀) အတွက် တိုက်ပွဲဝင်ဖို့ ကျည်ကာတွေ ဝယ်ယူပြီးစီးကြောင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငါ့သရောက်မြို့နယ်အတွင်း အကြမ်းဖက်အုပ်စုနှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း တပ်စိတ်မှူးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့…

"ရဲဘော်တွေ အကုန်လုံးကအားကိုးရတယ်။ အထူးသဖြင့် တပ်စိတ်မှူး ရဲဘော် ဒီပ နဲ့ ဒုတပ်စိတ်မှူး Joker တို့ ဆိုရင်တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာကတည်းက အတူတူတိုက်လာတဲ့ ရဲဘော်တွေပါ။ ရဲဘော် ဒီပ ဆို တောင့်ခံထားတာ ဆေးရုံရောက်ပြီး ၂ ရက်လောက်နေမှ ကျတာပါ။ ရဲဘော်တွေရဲ့ရဲစွမ်းသတ္တိကို အစဥ်သတိရပြီး နွေဦးတော်လှန်ရေးပြီးတဲ့အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှာပါ "လို့ ညောင်ဦးမြို့နယ်​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်မှာ ဒီဇင်ဘာလအတွင်း လူ ၅၀၀ ကျော်ဖမ်းဆီးခံရ

ရန်ကုန်မှာ ဒီဇင်ဘာလ တစ်လအတွင်း စစ်ကောင်စီက လူဦးရေ ၅၀၀ ကျော်ကို အကြောင်းအမျိုးမျိုးပြ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြပါတယ်။