မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၁ ယောက် သေကာ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၉ ရက်က မြင်းခြံ-ပုဂံညောင်ဦးလမ်း တမိုက်သာကျေးရွာကနေ မြင်းခြံဘက် Alphard ကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ ၁ ယောက် အပါအဝင် ၃ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ မြင်းခြံဆေးရုံသို့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဇူလိုင် ၂၀ ရက်မှာ မြင်းခြံမြို့က ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်အင်အား ၁၅၀ ခန့်ဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့ပါတယ်။ အဆိုပါ သီတာယုမွန် စစ်ကြောင်း ဒရုန်းတက်ဖို့ ပြင်ဆင်နေတဲ့ နေရာကို တော်လှန်ရေးတပ်တွေက Multi Rotor ဒရုန်း ၂ စီးနဲ့ 1 Kg ဗုံးသီး အလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့ရာ ၈ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး သီတာယုမွန် ပျူစစ်ကြောင်းက မြင်းခြံဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲမှာ တောင်သာမြို့နယ် ပကဖနဲ့ မလှိုင် ပကဖ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Video – Myingyan District Army-3 Drone Team

0 Shares:
You May Also Like
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ KNDF - Pekhon Zone က ထုတ်ပြန်ထားပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။
Read More

ဖြူးမြို့နယ် အုတ်ဖြတ်လမ်းပေါ် တိုက်ပွဲဖြစ်ပွား၊စစ်သား ၇ သေပြီး ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်းပေါ်ရှိ တာကျိုးလမ်းဆုံမှာ မတ်လ ၁၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာဠာဝကစစ်ကြောင်းထံက သိရပါတယ်။