မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းက မြင်းခြံမြို့နယ် ကုက္ကဲနယ်မြေရဲစခန်းနဲ့ ကုက္ကဲအခြေခံပညာ အထက်ကျောင်းခွဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးရဲဘော်တွေက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်လုံးသေဆုံးပြီး MA-11 ၂ လက်၊ MA-11 ကျည်ဘောက် ၂ ခုနဲ့ 5.56 ကျည် ၃၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓား ၂ ‌ချောင်း၊ ဖုန်း ၁ လုံး၊ ငွေသား လေးသောင်းနှစ်ရာကျပ်၊ လွယ်အိတ် ၁ လုံး၊ နားကြပ် ၁ ခုနဲ့ ပေါ့ ၁ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှု ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမြင်ကွင်း (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘိုမြို့မရဲစခန်းနဲ့ ခလရ ၄၂ အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၅ ရက် မနေ့နေ့လယ်ပိုင်းက ရွှေဘိုမြို့မရဲစခန်းအတွင်းကို Fixed Wings Drone နဲ့ ဗုံးသီး တွေ ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ရဲစခန်းရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ကချင်ပြည်နယ် ချီဖွေမြို့ရဲစခန်းကို KIA တပ်တွေက ထိန်းချုပ်ထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။