တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။ 

ဆိုးလ်မြို့ တောင်ကိုရီးယားသမ္မတရုံးနဲ့ မျက်နှာချင်းဆိုင်က စစ်သမိုင်းပြတိုက်ရှေ့မှာ ဒီနေ့ ဇူလိုင်လ ၂၀ ရက် နေ့လယ် ၁ နာရီကနေ ညနေ ၄ နာရီအထိ အဆိုပါ အစီအစဥ်တွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေ၊ စစ်ကောင်စီကျူးလွန်နေတဲ့ မြန်မာနိုင်ငံ အနှံ့အပြားက အကြမ်းဖက်မှုတွေ၊ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအရေး၊ တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံတကာကနေ စစ်ကောင်စီကို ဘက်ပေါင်းစုံမှ နည်းလမ်းမျိုးစုံနဲ့ ပိတ်ဆို့အရေးယူဆောင်ရွက်နိုင်ရေးနဲ့ ပတ်သက်ပြီး  နေ့လယ် ၁ နာရီကနေ ၂ နာရီအထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုချက် ၇ ချက်ပါတဲ့ အိတ်ဖွင့်ပေးစာကိုလည်း တောင်ကိုရီးယား သမ္မတရုံးထံ တိုက်ရိုက်ပေးပို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

“ ရည်ရွယ်ချက်ကတော့ တောင်ကိုးရီးယား အစိုးရသစ်ကို တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ ပြည်သူတွေ၊ စစ်အာဏာရှင်ကို အလိုမရှိတဲ့ပြည်သူတွေက မြန်မာစစ်အာဏာရှင်ကို အလိုမရှိကြောင်း သမ္မတရုံးတာဝန်ရှိသူကို  အိတ်ဖွင့်စာ ပေးပို့တာဖြစ်ပါတယ်။ အဲ့ဒါနဲ့အတူ သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါတယ်” လို့ MFDMC အတွင်းရေးမှူး ကိုလင်းအိမ်က မောင်းကို ပြောပါတယ်။ 

သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီးနောက် နေ့လယ် ၂ နာရီမှာတော့  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ၊ မြန်မာ့အရေးတောင်းဆိုချက်တွေကို သံပြိုင်ရွတ်ဆိုကြကာ မြန်မာ့အရေး တောင်းဆိုတဲ့ ဆိုင်းဘုတ်၊ တော်လှန်ရေးအလံတွေကို ကိုင်ဆွဲပြီး တောင်ကိုရီးယားသမ္မတရုံးရှေ့ကနေ  ဆိုးလ်မြို့လယ်အထိ  လမ်းလျှောက်ချီတက်ကြကာ ဆိုးလ်မြို့လယ် ဘိုရှင်းဂတ်ရင်ပြင်မှာ ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အထက်ပါ အစီအစဥ်တွေကို  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ MFDMC ပူးပေါင်း ထောက်ပို့အဖွဲ့အစည်း ၂၂ ခုနဲ့ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံတဲ့ တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းတွေ အတူတကွ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ လမ်းပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာကို ဇူလိုင်လ ၂၉ ရက်မှာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်း စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။