မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေ ဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူတွေကို အရှေ့ဘုန်းကံနဲ့ ပခုက္ကူမြို့ရှိ သီတာလမ်းစစ်ဆေးရေးအထိလုံခြုံရေးယူကာ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အရှေ့ဘုန်းကံရွာရှိ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် အင်အား ၇၀ ခန့် ထပ်မံဖြည့် တင်ထားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်ပြည်သူကာကွယ်ရေး PKU ၊King cobra ၊Southern yso local တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂ ဦး လွတ်မြောက်လာ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်သည့် ရုပ်သံဖိုင် Justice Soldier PDF ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ကနေ မြဝတီမြို့ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ အောင် ဇေယျစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်ကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ Justice Soldier PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြဝတီ ချောင်းဆုံမြစ်တွင် လူငယ် ၄ ဦး ရေကစားရာမှ ပျောက်ဆုံးနေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ချောင်းဆုံမြစ်မှာ လူငယ် ၄ယောက် ရေကစားရာကနေ နှစ်မြုပ်ပျောက်ဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ရန်တောင်ကျေးရွာ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရန်တောင်ကျေးရွာရှိ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆ နာရီကြာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေပွဲကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Spicy Bar မှာ မတ်လ ၂၈ ရက်က  ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကြောင့် လူမှု ကွန်ရက်သုံးစွဲသူတွေအကြား ဝေဖန်မှုမြင့်တက်လျက်ရှိပါတယ်။