စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူစခန်း ကင်း၂ ခုကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောီး ၁ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၇ ရက်က အရာတော်မြို့နယ် ငွေတွင်းပျူစခန်းရှိ ကင်း ၂ ခုကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အရာတော်လေ့ကျင့်ရေး ၁၀ မှ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော် ၁ ယောက် တိုက်မိုင်းထိကာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ နင်းမိုင်း ၃ လုံးကို ဖြုတ်ယူသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ တပ်ရင်း(၁၆)၊တိုက်နယ်၉၊၁၀၊၁၁နဲ့ မုံရွာခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ Danger Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။

Video-Ngwe Dwin Revolution Force

0 Shares:
You May Also Like
Read More

တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းရဲ့ စစ်အာဏာရှင်တော်လှန်ရေး၊ လူထုထောက်ပံ့ရေးနဲ့ ဒေသအကျိုးပြုလုပ်ဆောင်ချက်ဆိုင်ရာ ဖြတ်သန်းမှုပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။
Read More

KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ချီဖွေမြို့ရဲစခန်းရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ကချင်ပြည်နယ် ချီဖွေမြို့ရဲစခန်းကို KIA တပ်တွေက ထိန်းချုပ်ထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

တောင်သာတွင် သူကြီးအိမ်ရှေ့ တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သားကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ် သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကေတုမတီလေတပ်စခန်းကို ဧပြီ ၃၀ ရက် ညပိုင်းကမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ ပျောက်ဆုံးနေသည့် တိုက်လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။