ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၈ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ ယူမာကျေးရွာ၊ အဲဗားဝင်းနား ကုမ္ပဏီဝင်ပေါက်ရှေ့မှာ ပိန်းဥတူးနေတဲ့ အမျိုးသား ၂ ယောက်ထဲက တစ်ယောက်ဟာ မိုင်းပေါက်ကွဲပြီး ထိမှန်သေဆုံးသွားကာ ကျန်တဲ့တစ်ယောက်ကတော့ လွင့်စင်သွားတယ်လို့ ဆိုပါတယ်။

“ကုမ္ပဏီဝင်ပေါက်ထွက်ပေါက်နားလေးမှာ ကလမ်းမကြီး၊ အဲ့ဘေးမှာ ရေမြောင်းရှိတယ်၊ အဲဒီရေမြောင်းနားလေးမှာ အမျိုးသား ၂ ယောက် ပိန်းပင်က ပိန်းဥကိုသွားတူးရင်းနဲ့ အဲဒီ ၂ ယောက်က မိုင်းနင်းမိတာလို့ သိရတယ်။ တစ်ယောက်ကတော့ လွင့်သွားတယ်။ ပြီးတော့ ထွက်ပြေးသွားတယ်။ တစ်ယောက်ကတော့ မိုင်းနင်းမိပြီး ချက်ချင်းပွဲချင်းပြီး သေဆုံးသွားတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အဆိုပါ ကုမ္ပဏီထဲမှာ စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သေချာအထိုင်ချထားခြင်းရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မိုင်းနင်းမိပြီး သေဆုံးသွားတဲ့အမျိုးသားဟာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသလို သူ့ရဲ့ ရုပ်အလောင်းအတွက် အခုချိန်ထိ လာရောက်ဆက်သွယ်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ပိန်းဥတူးရင်း မိုင်းထိမှန်သေဆုံးခဲ့သည့် အမျိုးသား

“သူ့မိသားစု ဘယ်သူဘယ်ဝါလဲဆိုတာ မသိဘူး။ ညနေပိုင်းလောက်အထိမှ မိသားစုတွေဘာတွေ ဆက်သွယ်အကြောင်းကြားတာမရှိရင်တော့ လူမှုရေးအသင်းတစ်ခုခုကတော့ သဂြိုဟ်ပေးရမယ့် အနေအထားရှိတယ်။ လောလောဆယ် ဘယ်သူဘယ်ဝါမသိသေးဘူး” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အထက်ပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ အနီးတဝိုက်က ရေအိုးစင်မှာ အမျိုးသားတစ်ယောက် ရေသွားသောက်ရင်း မိုင်းပေါက်ကွဲပြီး ခြေထောက်ဖြတ်လိုက်ရပါသေးတယ်။

လက်ရှိ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်တာမျိုး မရှိတော့ဘဲ အပြန်အလှန် လက်နက်ကြီးနဲ့ တစ်ချက်တစ်လေ ပစ်ခတ်တာမျိုးသာရှိတော့တယ်လို့ ဆိုပါတယ်။

“စစ်ရေးကတော့ မနက်က ဖြစ်နေကျ စစ်ကောင်စီတပ်စွဲထားတဲ့ အမှိုက်ပုံဘက်မှာတော့ ပစ်ခတ်မှုတွေရှိတယ်။ နေ့လယ်ပိုင်းမှာတော့ ပစ်ခတ်မှုတွေ နားသွားတယ်။ တစ်ချက်ချက်ထုတဲ့ အသံတွေပဲ ကြားရတယ်။ ခဏလေးဖြစ်လိုက် ပြန်ငြိမ်သွားလိုက်၊ လက်နက်ကြီးထုလိုက် ပြန်ငြိမ်သွားလိုက် အဲလိုတော့ရှိတယ်။ ၁၆ ရက်နေ့ နောက်ပိုင်းတော့ လေယာဉ်လာတာမရှိတော့ဘူး” လို့ အဆိုပါ ဒေသခံက ပြောပြပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ၁၀ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ကလေး ၅ ဦးအပါ ၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေကြောင့် ပေါက်မှာ နေအိမ် ၅လုံးပျက်စီးပြီး အရပ်သား၂ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်လေးပင်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကအပြင်၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က ဒီနေ့မနက် လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ တစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟယ Y-12 လေယာဥ်နဲ့ နောင်ချို့မြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေ လိုအပ်တဲ့ အခြေခံရိက္ခာတွေကို ကျောင်းသားလက်ရုံးတပ်တော် လှူဒါန်းပြီး လေကြောင်းအန္တရာယ် အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေ ကျင်းပခဲ့

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃)နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်တိုင်းပကဖ လက်အောက်ရှိ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ခရိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့က သက်ဆိုင်ရာနေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မတ္တရာမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိ…

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၂ ယောက် သေပြီး လက်နက် (၉) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ထားပါတယ်။