ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ – Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်က ကရင်နီပြည်ရှိ ဒေသခံပြည်သူတွေအတွက် Soe Reh ဟာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ Soe Reh ဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ KnMHC ရဲ့ Medic ဆေးသင်တန်း တစ်နှစ်တာကို တက်ရောက်အောင်မြင်ပြီးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ Soe Reh ကို အာဇာနည်သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းတဲ့အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မဖြစ်စေသင့်ကြောင်း NUG ယာယီသမ္မတ ပြောကြား၊ NUG ဟာ တရုတ်၏ အကျိုးစီးပွါးကို ထိခိုက်စေမည့်အဖွဲ့ မဟုတ်ဘူးဟုဆို

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

တန့်ဆည်နယ်ဘက် ကထိန်ခင်းရန်သွားသည့် ဇနီးမောင်နှံကို ပျူစောထီးများ ဖမ်းဆီး၊ အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ပစ်လိုက်သည်ဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကနေ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံ ၂ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးကာ အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ သတ်ခဲ့တယ်လို့ KBL-PDF က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၆ရက် မနေ့မနက် ၉နာရီလောက်မှာ တန့်ဆည်နယ်ဘက် ကထိန်ခင်းဖို့သွားတဲ့ ကိုကျော်မျိုးနဲ့ မအေးမာဦးတို့ ဇနီးမောင်နှံဟာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်ရှိ စံပယ်နံ့သာ ပျူစောထီးအထိုင်စခန်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မကြည်ပြာ နှင့် ခင်ပွန်းတို့အား စုံစမ်းစစ်ဆေးမှု ၁ လ ကျော်ကြာလာသောကြောင့်  ထုတ်ပြန်ပေးရန် NUG အစိုးရကို Queer အဖွဲ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။