စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။

ဇူလိုင် ၁၆ ရက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သင်္ဘောအုပ်စုမှာ သင်္ဘော ၁စီး မီးလောင်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုနိုင်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု(CSRAF) ဦးဆောင်မူနဲ့အတူ ယင်းမာပင်ခရိုင် အမှတ် ၁၇ တပ်ရင်း B21၊ ယင်းမာပင်ခရိုင် အမှတ် ၂၂ တပ်ရင်း KLG နဲ့ နယ်မြေခံ ပကဖ အဖွဲ့ တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများ စိတ်ဓာတ်မကျဖို့ အားပေးစကား စာစောင်နှင့် ကဗျာတစ်ပုဒ် ဒရုန်းဖြင့် ကြဲချ ဝေငှ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေး ၄ နှစ်အတွင်း ပင်ပန်းနွမ်းလျ စိတ်ဓာတ်ကျနေခဲ့ရတဲ့ ပြည်သူတွေကို အားပေးစကားစာစောင်နဲ့ ကဗျာ ၁ ပုဒ် လိုက်လံဝေငှခဲ့တယ်လို့ Fight For Freedom တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း(ရုပ်/သံ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ တော်လှန်အနုပညာရှင် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
Read More

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို စက်လှေနဲ့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့မှ စက်လှေ ၃ စီးနဲ့ မြောင်မြို့နယ် ‌ကျောက်ရစ်ရဲစခန်းကို တပ်ချိန်းဖို့ လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၆၀ ခန့်ကို တိုက်ခိုက်ခဲ့တယ်လို့ Royal Brother Defence Forceအဖွဲ့ထံက သိရပါတယ်။
Read More

အင်းတော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ နေထိုင်သည့် တဲအိမ်နှင့် ဆိုင်ခန်းများ ရေစီးနှင့် မျောပါ (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ အင်းတော်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲအိမ်နဲ့ ဆိုင်ခန်းတွေ ရေစီးနဲ့မျောပါသွားခဲ့တယ်လို့ Indaw Revolution (IR) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ထန်းလှီးဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကနေ ထန်းလှီးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက်အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ ထံက သိရပါတယ်။
Read More

ငလျင်ဘေးအတွက် အလှူခံနေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ယနေ့ဧပြီ ၁ ရက် နံနက်ပိုင်းက ငလျင်ဘေးအတွက် အလှူခံ နေတဲ့ MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။