မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။

ဇူလိုင်လ (၁၅) ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၅၈ က ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာကို ၈၀ မမ (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး တစ်လုံးက ကမ္ဘဲ့ ကျေးရွာရှိ ပြည်သူ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နေအိမ်ကို ရေစကြိုပကဖ တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ဖို့ သွားရောက်ချိန် စစ်ကောင်စီက လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့တာကြောင့် ပကဖ အဖွဲ့ဝင်ဖြစ်တဲ့ ရဲဘော်ကောက်ကြီး (ခ) မောင်ရန်နိုင် (၂၀) နှစ်၊ ဇနီးဖြစ်သူ မသဇင်ဝေ (၂၄) နှစ်၊ CDM ကျောင်းဆရာမ မနွေဦးမေ (၃၂) နှစ် ၊ မောင်ရှင်းလင်းကို (၁၇) နှစ်တို့ ထိမှန်သေဆုံးခဲ့ပြီး ဒေသခံ ၄ ယောက်လည်း ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျဆုံးရဲဘော် ကောက်ကြီး (ခ) မောင်ရန်နိုင်

“ရဲဘော်တွေ မီးငြှိမ်းသတ်ဖို့လုပ်နေတဲ့နေရာကို နောက်ထပ် ၈၀ တစ်လုံးထပ်ကျသွားတာပေါ့နော်။ အဲ့အချိန်မှာ ကျနော်တို့ရဲဘော်တစ်ဦးရယ်၊ သူ့ရဲ့ဇနီးရယ်၊ CDMကျောင်းဆရာမ မနွေဦးမေကတော့ နေရာမှာတင် ကျဆုံးသွားပြီးတော့ ကျနော်တို့ရဲဘော်နဲ့ သူ့ရဲ့ဇနီးရယ်၊ ရွာထဲက လူငယ်တစ်ယောက်ရယ်ကတော့ ဆေးကုသမှုပေးနေရင်းနဲ့ ၁၆ ရက်နေ့ မနက် ၄ နာရီလောက်မှာ အသက်ဆုံးရှုံးသွားတယ်” လို့ ရေစကြိုမြို့နယ် ပကဖတပ်ဖွဲ့ဝင်က မောင်းကိုပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်နဲ့ သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ ဇူလိုင်လ ၁၆ရက် နေ့လယ်ပိုင်းမှာ စစ်ဓလေ့ထုံးစံနဲ့အညီ မီးသဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘဲ့ကျေးရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့လည်း ကျေးရွာထဲမှာသာ ဆက်လက်နေထိုင်နေကြတယ်လို့ သိရပါတယ်။ ကမ္ဘဲ့ကျေးရွာကို အရင်ကလည်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်တာမျိုးရှိသလို လက်နက်ကြီးတွေ ပစ်ခတ်တာမျိုးလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ဖမ်းမိခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းကို သိန်း ၅၀၀ လက်ခံပြီး ပြန်လွှတ်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးဟောင်း ၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမိပြီးနောက် ကျပ်ငွေသိန်း ၅၀၀ လက်ခံကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်လာပါတယ်။
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က mobile clinic နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေဆီ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘောမိကျေးရွာတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ပုသိမ်စစ်ဆေးရုံမှာ ဆေးကုပေးနေ၊ သေဆုံးသူတွေကိုလည်း လူမသိအောင် သဂြိုလ်ပေးနေ

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားတွေကို ပုသိမ်မြို့ အမှတ် ၄ ဆေးတပ်မှာ ဆေးကုပေးနေပြီး သေဆုံးစစ်သားတွေကို ရွှေမြင့်တင် သဂြိုလ်စက်မှာ လူမသိသူမသိ သဂြိုလ်ပေးနေတယ် လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်က လေယာဥ်ဖြင့် ရိက္ခာဖြည့် စစ်ကြောင်းထိုးနေ၊ ကလေးတောင်ပိုင်းကိုလည်း ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုက လေယာဥ်နဲ့ ရိက္ခာဖြည့်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေသလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ စစ်အုပ်စုဟာ ဓားစာခံအရပ်သား၃ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ မြို့နဲ့ ၄မိုင်အကွာက စက်မှု (၂) ခေါ် မြိုင်အခြေစိုက် တကစ(၂) စက်ရုံထဲမှာ အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။
Read More

ကျပ်ဘီလီယံနှင့်ချီ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်သက်ဆိုင်ခြင်းမရှိဟု AA ထုတ်ပြန်၊ စစ်ရှုံးကောင်စီ၏ ရှက်ရမ်းရမ်းကာ အငြိုးအတေးကြီးစွာ စွပ်စွဲချက်သာဖြစ်သည်ဟု ဆို

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို ရန်ကုန်မြို့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားမှုဟာ စစ်အစိုးရအဆက်ဆက် လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးယုတ်မာမှုသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။