ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ ကချင်ဒေသ အထူးစစ်ဆင်ရေးကြီးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ဗမာ့တပ်တော် (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်မှာ ကချင်ဒေသအထူးစစ်ဆင်ရေးကြီးအဖြစ် အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းကြီး၊စခန်းငယ်တွေကို ထိုးစစ်ဆင်ခဲ့ရာ KIA နဲ့အတူ ဗမာ့တပ်တော်-BA (ယခင်မိုးကြိုးပြောက်ကျားတပ်ဖွဲ့) က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်အပါအဝင် စခန်းကြီးစခန်းငယ်များစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်နဲ့ စခန်းကြီးစခန်းငယ်တွေကတော့ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အမြောက်လက်နက်ကြီးတွေနဲ့ အဓိကခြိမ်းခြောက်နေခဲ့တဲ့ ဘွမ်ရယ်ဘွမ် (ပွိုင့်-၇၇၁) ဗျူဟာကုန်း၊ ဖွန်ပြန်ဘွမ်(သံခမောက်တောင်)ဗျူဟာကုန်း၊ ဂဂမ်ဘွမ်ဗျူဟာကုန်းနဲ့ တာဝါတိုင်ကုန်းများ(ကုန်းလော) စတဲ့စခန်းကုန်းတွေနဲ့ အခြားကာကင်းစခန်းငယ်တွေ ဖြစ်တယ်လို့ ဗမာ့တပ်တော်က ဆိုပါတယ်။

ဒါ့အပြင် ဗန်းမော်-မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် ဗျူဟာကျတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၃၇၀) အမြှောက်တပ်ရင်းဌာနချုပ်၊ အမှတ်(၆၀၁)ဒုံးတပ်ရင်းနဲ့ စကခ-၂၁(ဗန်းမော်)လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၂၃၇၊ ခမရ ၄၃၇ စတဲ့ တပ်ရင်းဌာနချုပ်တွေကိုလည်း KIA နဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗမာ့တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KIA နဲ့အတူ တိုက်ပွဲဝင်အောင်ပွဲဆင်ခဲ့ရတဲ့အတွက် ဗမာ့တပ်တော် အနေနဲ့ များစွာဂုဏ်ယူမိသလို KIA ရဲ့ စစ်ဗျူဟာကောင်းတွေ၊ အတွေ့အကြုံကောင်းတွေနဲ့ မိမိတို့ရဲဘော်တွေ တိုက်စွမ်းရည်ပြည့်ဝအောင် လက်တွေ့သင်ကြားကူညီလမ်းပြပေးခဲ့တဲ့ KIA ကို အထူးကျေးဇူးတင်ရှိကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

KNDF အမှတ် ၁၄ တပ်ရင်း၏ အပတ်စဥ် (၆) စစ်သင်တန်းဆင်းပွဲနှင့် ၄ နှစ်ပြည့် မွေးနေ့အခမ်းအနား၊ ၄ နှစ်တာအတွင်း ကျဆုံးအာဇာနည်ရဲဘော် ၁၃ ဦး ရှိခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ် ၁၄ တပ်ရင်းရဲ့ အပတ်စဥ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ တပ်ရင်း ၄ နှစ်ပြည့် မွေးနေ့အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

စစ်ကောင်စီ အင်အားရာနဲ့ချီ ခုခံခဲ့တဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်တပ်က သေဆုံးသူများပြားပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အကြမ်းဖက် တောင်းဆိုတိုင်း တပ်မတော်က လိုက်လျောခဲ့တဲ့ အစဉ်အလာ မရှိ၊ စစ်ပွဲများ ဆက်လက်ဆင်နွှဲသွားမည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်အာဏာကို ထိပါးနေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ဒူးပလာယာခရိုင်မှာ ကော်သူးလေ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနား ကျင်းပ…

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒူးပလာယာခရိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာနက ဦးဆောင်ပြီး ကော်သူးလေ မွေးမြူရေးနှင့်ရေလုပ်ငန်းဌာန နှစ်၅၀ပြည့်နဲ့ ကမ္ဘာ့ငါးလုပ်ငန်းနေ့ အခမ်းအနားကို နိုဝင်ဘာလ (၂၁) ရက်မှာ ကျေးရွာတွေနဲ့ ဌာနတွေက စုစုပေါင်း လူဦးရေ (၁၂၀) ဝန်းကျင်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။