ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဘဏ်ကနေပိုက်ဆံထုတ်ပြီး ပြန်လာချိန် ဆိုင်ကယ်ဘောက်အတွင်း ထည့်ထားတဲ့ သိန်း ၆၀ ခိုးယူခံခဲ့ရတယ်လို့ ပဲခူးမြို့ ဒေသခံက စီစီတီဗီမှတ်တမ်းဖိုင်နဲ့တကွ ဖော်ပြခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်နေ့က ခိုးယူခံရသူဟာ ဘဏ်ကနေ ပိုက်ဆံထုတ်ပြီး ပြန်လာချိန် ဖုန်းကာဗာဆိုင်အတွင်း အားသွင်းကြိုး ဝင်ရောက်ဝယ်ယူရာမှာ ဆိုင်ကယ်ဘောက်အတွင်းထည့်ထားတဲ့ သိန်း ၆၀ ကို ခိုးယူသူတွေက ဘောက်ဖွင့်ကာ ခိုးယူခဲ့တာဖြစ်ကြောင်း ဗီဒီယိုဖိုင်မှတ်တမ်းအရ သိရပါတယ်။

”ဘဏ်ထုတ်သူက နေအိမ်ကိုတန်းပြီးပြန်မယ့်အနေအထားရှိရင် လူရှင်းတဲ့နေရာအရောက် လုယက်ကြလေ့ရှိပြီး အခုလို တစ်နေရာရာဝင်နေပြီဆိုရင်တော့သူတို့အတွက် အခွင့်အရေး ပိုရလေ့ရှိကြပါတယ်။ ဒီဖြစ်စဥ်ဟာ ဆိုင်ကယ်တူးဘောက်ထဲ ရွှေ/ငွေတွေ အလွယ်တကူ အသွင်း/အထုတ်လုပ်ကြသူတွေအတွက်သင်ခန်းစာပါ”လို့ Facebook သုံးစွဲသူ ၁ ယောက်က မှတ်ချက်ပေးခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးမိခြင်း ရှိ၊ မရှိကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။

Video – Aung Ko Thet

0 Shares:
You May Also Like
Read More

ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ကန့်ဘလူခရိုင် -တပ်ရင်း ၄ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ကန့်ဘလူ ခရိုင် တပ်ရင်း ၄ ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရပြီး ဆီဘောက်ဆာ ကား ၂ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဒိုးပင်ရွာအနီး စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။