မြန်မာနိုင်ငံတစ်ဝန်း ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ​ကြောင့် အရပ်သားပြည်သူ (၁၀၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်ကနေ ဇူလိုင်လ ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ အမျိုးသမီး (၃၅) ယောက်နဲ့ အမျိုးသား (၆၈) ယောက် စုစုပေါင်း (၁၀၃) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၅) ယောက် ပါဝင်ကာ စစ်ကိုင်းတိုင်းက (၂၂) ယောက်နဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းက (၁၉) ယောက်နဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ (၁၀၃) ယောက်အနက် (၅၅) ယောက်က အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး (၂၂) ယောက်ကတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၆ လတာကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄၇၇) ယောက် သေဆုံးခဲ့ပြီး စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁၀၄) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမျိုးသမီး လစဉ်သုံးပစ္စည်းထဲ စစ်ကောင်စီကို ILO အရေးယူရေး သတင်းစကားထည့်ကာ အလုပ်သမားထုကို ဖြန့်ဝေ

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို “ILO မှ ပုဒ်မ ၃၃" နဲ့ ဘာကြောင့် အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေ ပါဝင်တဲ့သတင်းစကားတွေကို အမျိုးသမီး လစဥ်သုံးပစ္စည်းတွေမှာ ထည့်သွင်းပြီး အလုပ်သမားထုဆီ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၂ မှ ရဲဘော်များ၏ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ ပဲခူးရိုးမတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

ကသာမြို့နယ် ညောင်ခြေထောက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ နှစ် ကလေးငယ်အပါ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နပခ လက်အောက်ခံ စခန်းကုန်းကနေ ဆုတ်ခွာလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ (၂ ) ယောက် သေပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ စခန်းကုန်းကနေ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက် သေဆုံးပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။