ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ဇူလိုင်လ ၈ ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ (၈)ရက်က ရေမောင်းတန်းနဲ့ နားမုံကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၆၂)လုံး၊ ဒရုန်းနဲ့ ဗုံး (၁၀)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြမ်း၊ နောင်လင်နဲ့ အုမ္မခါးကျေးရွာတို့မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီး (၉၇)လုံး၊ ဒရုန်းနဲ့ ဗုံး (၃၈)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ကျောက်တောနဲ့ ကသဲမျှောင်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃၀)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၇)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမုံကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာကေတမြို့က စားသောက်ဆိုင်တစ်ခုမှာ ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်ရာက ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိ…

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၃ မာန်ပြေရပ်ကွက် ၊ ယမုံနာလမ်းက ပိတောက်ရိပ်စားသောက်ဆိုင်မှာ ဂတ်စ်အိုးပေါက်ကွဲတာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်အတွင်းက အမျိုးသား ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိတယ်လို့ သာကေတမြို့မှာ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများတွင် ဧပြီ တစ်လတာအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမှာ ဝန်ထမ်းအိမ်ရာဝန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဝန်ထမ်းအိမ်ရာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ ၂ယောက် သေဆုံးကာ တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း Moe Nyo Revolution Force (M.N.R.F) အဖွဲ့ထံက သိရပါတယ်။
Read More

ဇီးကုန်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်လေးအပါ ၆ ဦး သေ၊ ရဲနှင့် မိသားစုဝင် စုစုပေါင်း ၁၁ ဦး အရှင်ဖမ်းမိကာ သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားဟု ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းရောက် ဒဏ်ရာရရဲဘော်တွေဆီ သွားရောက်တွေ့ဆုံအားပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ရှေ့တန်းတစ်နေရာမှာရှိတဲ့ ဒဏ်ရာရ ရဲဘော်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ဆေးခန်းအသုံးစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့  NUG က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ် ထိခိုက်မှုများပြား၊ PDF ကာကင်းစခန်းတစ်ခု လက်လွှတ်ခဲ့ရကာ PDF ရဲဘော် ၁ ဦး ကျဆုံး

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရေးအတွက် အင် အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) ထံက သိရပါတယ်။