ကချင်ပြည်နယ်၊ ဒါဂျန့်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် မှင်စာ ကျဆုံးသွားခဲ့တယ်လို့ MinKin Peoople’s Defence Force – MKPDF – 2 ထံက သိရပါတယ်။

ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်းက ရဲဘော် ဇင်ကိုဝင်း (ခ) မှင်စာဟာ မနေ့က ဇူလိုင်လ ၉ရက်နေ့မှာ ဒါဂျန့်တိုက်ပွဲအတွင်း စနိုက်ပါ ထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဒါဂျန့်ရှေ့တန်းစစ်မျက်နှာမှာ ရန်သူ့ဘက်က စနိုက်ပါကျည် ထိတာပါဗျ။ အလောင်းက ရပါတယ်။ ကျန်တာက ဖြေဖို့ရာ အဆင်မပြေတာမို့ပါ” လို့ MinKin Peoople’s Defence Force – MKPDF – 2 ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ကျဆုံးရဲဘော် ဇင်ကိုဝင်း (ခ) မှင်စာဟာ တိုက်ခိုက်ရာမှာ ထူးချွန်တဲ့အပြင် လိမ္မာတဲ့ရဲဘော်တစ်ယောက်လည်း ဖြစ်တာကြောင့် ပိုပြီး ဝမ်းနည်းရကြောင်းနဲ့ သူ့ရဲ့ ရုပ်အလောင်းကို စစ်ဓလေ့ထုံးတမ်းနဲ့အညီ သဂြိုဟ်ပေးထားတယ်လို့ ပြောပါတယ်။

“မပြီးဆုံးသေးတဲ့ တာဝန်တွေကို ငါတို့ ဆက်ထမ်းရွက်နေဦးမှာပါ။ ငါတို့ရဲဘော် တစ်ယောက်ချင်းစီတိုင်းရဲ့ နှလုံးသားမှာ မင်းရဲ့ သမိုင်းမှတ်တိုင် ကောင်းကောင်းကျန်ခဲ့ပါတယ်” လို့ MinKin Peoople’s Defence Force – MKPDF – 2 က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှာ ရဲလိုက်ဖမ်းလို့ တရားမဝင် ရွှေ့ပြောင်းမြန်မာ ၂၈ ဦး၏ကား တိမ်းမှောက်၊ ထိခိုက်သေဆုံးသူမရှိဘဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ သောင်ဖာဖုမ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ကို တင်ဆောင်လာတဲ့ မှောင်ခိုသမား မောင်းနှင်တဲ့ ကားတစီး ရဲလိုက်လို့ ထွက်ပြေးရင်း လမ်းဘေးကျပြီး တိမ်းမှောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူသို့ စစ်သားများပို့သည့် ၄ စီးမြောက်ကားကို တိုက်ခိုက်ရာ ကားပေါ်ပါသည့် စစ်သား ၁၈ ဦးလုံး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။