ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ တားဆီးထားတဲ့ စစ်ကောင်စီထုတ်အရက်တွေကို ပိုင်ရှင်ရဲ့ ရှေ့မှောက် ဖျက်ဆီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီထုတ်အရက်တွေ ရောင်းချနေတဲ့ နေရာတွေကို ရှောင်တခင်စစ် ဆေးရေးပြုလုပ်ရာမှာ ဖမ်းဆီးတဲ့ အရက်တွေကို ဇူလိုင်လ ၈ ရက်က ပိုင်ရှင်ရဲ့ ရှေ့မှောက်မှာ ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလုပ်ဆောင်မှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်ကလည်း တားမြစ်ထားတဲ့ စစ်ကောင်စီထုတ် အရက်၊ ဘီယာတွေကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

Video – မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ကလေးမြို့ရှိ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာနဲ့ ထိုမာကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင် ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် စစ်တပ်အထိုင်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်တပ် အထိုင်စခန်းတွေကို နိုဝင်ဘာ ၁၃ ရက် နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwindynamite အဖွဲ့ထံက သိရပါတယ်။
Read More

သိမ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ် တပ်ရင်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သိမ်ဇရပ်မြို့နယ် စစ်ကောင်စီတပ်စခန်းများကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် သိမ်ဇရပ်မြို့နယ်ရှိ ၃၁၀ တပ်ရင်းအမြောက်တပ်၊ ဗဟိုကင်းနဲ့ လူပျိုဘားတိုက်တွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ညပိုင်းက မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖထံက သိရပါတယ်။
Read More

မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး စစ်ကြောရေးမှူးအပါအဝင် ရဲ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ် မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  Hero Defence Force  အဖွဲ့ထံက သိရပါတယ်။