စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံးပမ်းနေပြီး အဆိုပါ အတုအယောင် ဟန်ပြရွေးကောက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်လာဖို့ ကမ်းလှမ်းကြောင်း ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့‌ ဇူလိုင်လ ၅ ရက်နေ့မှာ စစ်ကောင်စီက PDF တွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေအနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးကို မျှော်မှန်းပြီး စစ်ကောင်စီနဲ့ လက်တွဲကာ နိုင်ငံအကျိုးကို ဖော်ဆောင်ရန် ဆန္ဒရှိရင် နီးစပ်ရာ တပ်စခန်း၊ ဒေသအာဏာပိုင်တွေထံ ဆက်သွယ်ညှိနှိုင်းနိုင်တယ်လို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီမှာလည်း ၅၄ ပါတီရှိနေကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုအတွက် ရွေးကောက်ပွဲနဲ့သာ လျှောက်လှမ်းရမှာဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဥ်နဲ့ ဆက်လက်လျှောက်လှမ်းနေရင် ဒီမိုကရေစီနောက်ပြန်ဆွဲသလိုဖြစ်နေကြောင်း လက်နက်အားကိုး အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ပြောဆိုလာတာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ ဝေဖန်သူတွေလည်း မြင့်တက်နေပြီး PDF တွေကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်မခံဘဲ အဆုံးထိတိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ တပ်ဖွဲ့ အသီးသီးက ထုတ်ပြန်လာကြပါတယ်။

“သူတို့ဘာသူတို့ အရူးချီးပန်း လာပြီးတော့ ဖိတ်ခေါ်တာ သူတို့အပိုင်းလေ။ ကျနော်တို့က ဒါကို ပူးပေါင်းသွားဖို့လည်း မရှိသလို ပါဝင်သွားဖို့လည်း မရှိဘူး… တိုက်ထုတ်သွားဖို့ပဲ ရှိပါတယ်။ နောက်ပြီး ကျနော်တို့ရဲ့ အန္တိမ ရည်မှန်းချက်က စစ်ကောင်စီကို နိုင်ငံရေး ဇာတ်ခုံပေါ်ကနေ လုံးဝ အမြစ်ဖြတ်ထုတ်ဖို့ပဲ။ စစ်ကောင်စီက အုပ်ချုပ်ရေး ယန္တရားအောက်မှာပဲ သွားရမယ်။ သူများနိုင်ငံတွေ နည်းတူပေါ့နော်။ ဘယ်လိုပဲ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါစေ ကျနော်တို့ကတော့ လက်နက်ကိုင် လမ်းစဉ်နဲ့ အပြတ်ချေမှုန်းသွားဖို့ စိတ်ကူးပဲ ရှိပါတယ်” လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မောင်းကို ပြောပါတယ်။

ဒီအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့်ကလည်း “သူ (မင်းအောင်လှိုင်) ကတော့ လုပ်ရမှာပဲ သူသဘောထားကြီးကြောင်း လူငယ်တွေအပေါ် မတင်းမာကြောင်း ပြည်တွင်းပြည်ပကို ကြော်ငြာရမှာဘဲ …. ဒါပေမယ့် လူငယ်တွေက မအကြတော့ပါဘူး။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ကနေ မလျှော့ကြတော့ပါဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကလည်း စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ တိုင်းရင်းသားဒေသတွေ အပါအဝင် တော်လှန်ရေးဒေသ အသီးသီးရဲ့ နယ်မြေတွေမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေ လာရောက်စီစဉ် ကျင်းပခြင်း မပြုနိုင်ဖို့အတွက် ဒေသခံ ပြည်သူတွေနဲ့အတူ ပူးပေါင်းဆန့်ကျင် တိုက်ဖျက်ကြဖို့ တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲက တရားဝင်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ခဲယဉ်းပါတယ်။ အကျိုးဆက်အားဖြင့် အဲဒီလို ရွေးကောက်ပွဲမျိုးမှာ ဝင်ရောက်မယ့် အစုအဖွဲ့တွေဟာ ပြည်သူတွေက အသိအမှတ်ပြုတဲ့ အစိုးရ/ပါတီအစုအဖွဲ့/ကိုယ်စားလှယ်တွေ ဖြစ်လာဖို့လည်း လွယ်ကူမှာ မဟုတ်ပါဘူးဗျ” လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အ‌ထွေထွေ အတွင်းရေးမှူး ခူးပလူးရယ်ကလည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီနှစ် ၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေသလို  နယ်မြေအလိုက်ခွဲပြီး လုပ်ဆောင်မှာဖြစ်ကာ ရွေးကောက်ပွဲဝင်မယ့်ပါတီ ၅၄ ပါတီရှိနေတယ်လို့လည်း ပြောဆိုထားပါတယ်။

တကယ်တမ်း ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ငန်းစဉ်တွေဟာ ထင်သလောက် မရိုးရှင်းသလို ရွေးကောက်ပွဲကျင်းပဖို့ ၅လဝန်းကျင်သာ လိုတော့ပေမယ့် လက်ရှိအချိန်ထိကို ရွေးကောက်ပွဲ နည်းဥပဒေဆိုတာလည်း ထွက်ပေါ်မလာသေးပါဘူး။

စစ်ကောင်စီကနေ ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အာဆီယံတခြမ်း၊ အီရန်၊ အိန္ဒိယ နိုင်ငံတွေက အသိအမှတ်ပြုမှာဖြစ်ပြီး အာဆီယံတစ်ခြမ်းနဲ့ အမေရိကန်၊ ဩစတေးလျ၊ နယူးဇီလန်နဲ့ EU နိုင်ငံတွေကတော့ အသိအမှတ်ပြုကြမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လားသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

“ဒါက တော်လှန်ရေးအင်အားစုတွေကြား သပ်လျှိုခွဲတဲ့ ကြိုးစားမှု တစ်ခုပါပဲ။ အခု စကစရော အရင်က စစ်အာဏာရှင် အဆက်ဆက်ကရော သူတို့ရဲ့ ရန်ကုန်ကို ခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗျူဟာတွေ ပြန်သုံးနေတာပါပဲ။ ဗျူဟာ အဟောင်းတွေပါပဲ” လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာ မြို့နယ်စုစုပေါင်း ၁၄၄ မြို့နယ်ကို စိုးမိုးချုပ်ကိုင်ထားပြီး အဲဒီထဲမှာမှ ၉၅ မြို့ (မြို့နယ်အားဖြင့် ၄၈မြို့နယ်) ကို အပြီးသတ် သိမ်းပိုက်ထားကာ ကျန်မြို့နယ် ၇၉ မြိုနယ်တို့မှာလည်း တော်လှန်စစ်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီကနေ စိုးမိုးအုပ်ချုပ်ထားနိုင်မှုဟာ ၁၀၇ မြို့နယ်သာ ကျန်ရှိတော့ကြောင်းကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ NUG ရဲ့ စစ်ရေးတိုးတက်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နယ်မြေရှင်းလင်းရင်း တွင်းထဲ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်း ၃ လောင်း တွေ့ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၁)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘော်စတွန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း New England ထံက သိရပါတယ်။
Read More

သပိတ်ကျင်းကို စစ်ကောင်စီ တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၄ ဦးနှင့် ကလေးငယ်များအပါ ၆ ဦး သေဆုံးပြီး  ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။