အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရကာ စစ်တပ်ထဲ မတရား သွတ်သွင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းရဲ့ facebook page ကို လာရောက်ဆက်သွယ်ကာ ဇူလိုင်လ ၄ ရက်နေ့မှာ ရောက်ရှိအလင်းဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၃ ယောက်ထဲက ၂ ယောက်ဟာ ခလရ ၂၇၃ တပ်ရင်းက ဖြစ်ပြီး ကျန်တဲ့ ၁ယောက်ကတော့ ခမရ ၂၅ တပ်ရင်းက ဖြစ်ပါတယ်။ သူတို့ဟာ လွတ်မြောက်နယ်မြေကို သွားချင်တာဖြစ်တာကြောင့် ပို့ဆောင်ပေးဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။

အသက် ၂၀ ဝန်းကျင်ရှိ အဆိုပါ အလင်းဝင် တပ်သားတွေဟာ MA1 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၁၂၀ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာခဲ့ပြီး သေနတ် ၁လက်ကို ငွေကျပ် သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ပေးမှာပါ။ ကျနော်တို့ ကြေညာထားတဲ့အတိုင်းပါပဲ။ သေနတ်နဲ့ အလင်းဝင်လာတဲ့သူ တစ်ဦးကို ကျပ်သိန်း ၅၀ တိတိ၊ သေနတ် ၂ လက်ဆိုတော့ ကျပ်သိန်း ၁၀၀ တိတိ ချီးမြှင့်ခဲ့ပါတယ်” လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းထံ အလင်းဝင်ရောက်လာသူများနှင့် ယူဆောင်လာသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း)

0 Shares:
You May Also Like
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

လောင်းလုံးမှာ မိုက်ခရိုဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံး…

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မင်းတုန်းတွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြား၊ USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) မှ ရဲဘော် ၁ ဦး ကျဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်တပ်တွေ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို တပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ရကြောင်း United States Of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်) တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာများကို စစ်ကောင်စီက စစ်တွေကို ပို့ဆောင်

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက ခေါ်ထုတ်သွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တွေကို ပြန်လည်ပို့ဆောင်ဖို့ လုပ်ဆောင်နေကြောင်း  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။