စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်သားစုဆောင်းခဲ့ရာ အပတ်စဉ် (၁၅) အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းဆိုရင် အင်အား ၇၅၀၀၀ အထိ ရှိလာပြီဖြစ်ပါတယ်။ 

စစ်မှုထမ်းရတဲ့အထဲမှာ ပိုက်ဆံချမ်းသာတဲ့သူတွေ၊ စစ်တပ်အသိုင်းအဝန်းနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ သားသမီးတွေ မပါဝင်ဘဲ အခြေခံလူတန်းစားတွေသာ တပ်သားသစ်စုဆောင်းခံနေရတာဖြစ်တယ်လို့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲက ဆိုပါတယ်။ 

”ဒီပေါ်တာဆွဲဥပဒေထွက်လာပြီး ရရှိလာတဲ့ အင်အားတွေဟာ တော်လှန်ရေးအတွက် အနှောက်အ ယှက်ဖြစ်စေတယ်ပေါ့။ စကစအတွက်က အချိန်ပဲလိုတာ။ သူမှာ ကျန်တာအားလုံးရှိတယ်။ ဒီအချိန် ကို သူများအသက်နဲ့ ဆွဲဆန့်နိုင်လို့ရှိရင် ကြာရင် ကျွန်တော်တို့ တော်လှန်ရေး ထိခိုက်နိုင်တယ်ပေါ့။ ဒါကြောင့်မလို အခြေခံလူတန်းစားတွေအနေနဲ့ ဒီစစ်ကောင်စီဘက်က သူဌေးသူကြွယ်တွေနဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးဗိုလ်ချုပ်တွေ ဆက်လက်အသက်ရှင်နိုင်ဖို့အတွက် ခင်ဗျားတို့ဘဝတွေ အသေခံမလား။ တော်လှန်ရေးမှာ ပူးပေါင်းမလားဆိုတာကို ခင်ဗျားတို့အနေနဲ့ စဉ်းစားသင့်ပြီ”လို့ ဆိုပါ တယ်။

တော်လှန်ရေးဟာ စနစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး  အလုပ်သမားက အလုပ်သမား၊ အလုပ်ရှင်က အလုပ်ရှင်စနစ်ကို တည်ဆောက်နေတာဖြစ်ပြီး တော်လှန်ရေးမအောင်မြင်ခဲ့ဘူးဆိုရင် အလုပ်သမားဟာ ကျွန်ဖြစ်ပြီးတော့ အလုပ်ရှင်ဟာ သခင်ဆိုတဲ့ စနစ်ဖြစ်နေလိမ့်မယ်လို့ ကိုဇွဲက ဆိုပါတယ်။ 

”အခြေခံလူတန်းစားတွေက စနစ်တစ်ခုကောင်းမှ လူ့အခွင့်အရေးနှင့်အညီ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေအနေနဲ့ ခင်ဗျားတို့ဘဝတွေကို စစ်ကောင်စီအတွက် အသက်မပေးဘဲ ကျွန်တော်တို့နဲ့အတူ ပူးပါင်းပြီး ယိုင်နဲ့နဲ့ စစ်ကောင်စီကို တွန်းချပြီးတဲ့အခါ ခိုင်မာတဲ့ နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်ဖို့ တိုက်တွန်းနှိုး‌ဆော်ပါတယ်”လို့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲက ပြောကြားခဲ့ပါတယ်။

Video – Justice Soldier PDF Official

0 Shares:
You May Also Like
Read More

မင်းကွန်း နဂါးပတ်တောင်စစ်စခန်းကို သိမ်းပိုက်စဉ် စစ်သုံ့ပန်းများ ဖမ်းမိခဲ့မှု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ မှတ်တမ်းရုပ်သံကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်မြေပြင်က ပြန်လာတဲ့ PLA ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်မြေပြင်ကနေ အောင်ပွဲနဲ့ ပြန်လာကြတဲ့ PLA ရဲဘော်တွေကို အညာဒေသခံပြည်သူတွေက 'ပြည်သူရင်ဖွား ပြည်ချစ်သား' ဆိုပြီး အော်ဟစ်ကြိုဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်တလင်းတွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေပြီး ဆိုင်ကယ် ၄ စီးနှင့် စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ထဲရှိ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ayeyar NyiNaung စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေနဲ့ စစ်လက်နက်ပေါင်းများစွာကို သိမ်းဆည်းရမိ (ရုပ်/သံ)

တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ယမန်နေ့၊ မေလ ၂၃ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အမရပူရမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်တဲ့အတွက် လူ ၂ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း အမရပူရမြို့နယ် ကျောက်စိမ်းဘုရားအနီးရှိ ကောင်းကောင်းနန်းတော်စားဥယျာဉ်လက်ဖက်ရည်ဆိုင်အတွင်း ဆီဘောက်ဆာယာဉ်ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်မှုဖြစ်ပွားပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။