မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၆ရက် မနက် ၉နာရီကျော်လောက်က အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေ ထန်းလေးပင်ကုန်းအထွက် ညောင်ပင်သာကျောင်းနားအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီတပ် အနီးတဝိုက်မှာ ပြည်သူတွေ ရှိနေတာကြောင့် မိုင်းဆွဲမှုကို သေသေချာချာ မပြုလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“မိုင်းကတော့ ကျနော်တို့ ဖောက်ခွဲလိုက်တယ်။ ပြည်သူတွေကလည်း ေ-ွးစစ်ကြောင်းနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတော့ ကျနော်တို့က မိုင်းကိုတော့ အပြည့်အဝတော့ မဖောက်ခွဲရဘူးပေါ့။ ေ-ွး စစ်ကြောင်းနဲ့ မလှမ်းမကမ်းမှာပဲ ကျနော်တို့ ဖောက်ခွဲလိုက်ရတဲ့ အနေအထားလေးရှိတာပေါ့” လို့ စလင်းမြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့ဝင်က မောင်းကို ပြောပါတယ်။

မိုင်းဖောက်ခွဲခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုမရှိဘဲ ပေါ်တာဆွဲမှုတွေ လုပ်ဆောင်ကာ အမျိုးသမီးတစ်ယောက်ကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“သူတို့တွေက ပေါ်တာဆွဲတဲ့နေရာမှာ သူတို့လိုချင်တဲ့ ပြည်သူလောက်ကို ပေါ်တာလိုက်ဆွဲတာ။ စစ်ကြောင်းထိုးရင်းနဲ့ ပေါ်တာဝင်ဆွဲတာဆိုတော့ ပြည်သူတွေကလည်း အနီးစပ်ဆုံးနေရာမှာ ရှိတယ်။ ဒီ ေ-ွး စစ်ကြောင်းက အဲဒီနေ့ကပဲ အမျိုးသမီးတစ်ဦးကို ရိုက်နှက်ဖမ်းဆီးပြီးတော့မှ ခေါ်ဆောင်သွားတယ်” လို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အနီး ဖြတ်သန်းသွားလာခြင်း မပြုကြဖို့နဲ့ အချိန်မရွေး ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်လာနိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ ခပ်ဝေးဝေးမှာ သွားလာလှုပ်ရှားကြဖို့ စလင်းမြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မောတောင်မြို့ကို လက်လွှတ်ရသည့် စစ်တပ် ဆက်လက်လေကြောင်းတိုက်ခိုက်နေ၊ ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေရဆဲ

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

“ငါ့အကြောင်း မသိဘူးထင်တယ် သိစေရမယ်ကွ” ဆိုပြီး PDF တွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ရေးတင်းမာနေတဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံလိုက်ရကြောင်း သိရပါတယ်။
Read More

စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီး၊ အဆိုပါနေအိမ်ကို မီးငြှိမ်းသတ်နေချိန် လက်နက်ကြီးထပ်မံကျရောက်လို့ ပကဖရဲဘော် ဇနီးမောင်နှံအပါ ၄ ဦး ကျဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်နေတဲ့ နေအိမ်ကို မီးငြှိမ်းသတ်ရင်း စစ်ကောင်စီတပ်က လက်နက်ကြီး ထပ်မံပစ်ခတ်ခဲ့ရာ ပကဖ ရဲဘော် ဇနီးမောင်နှံအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ထံက သိရပါတယ်။
Read More

ရေဦးမြို့နယ် မုတ်စီရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်ဆီး

“လက်ရှိ ရေဦး ဂါဝီပန်းခြံဘက်မှာ စစ်ခွေးတွေက ကား၃စီးနဲ့ ခြေရှုပ်နေကြတယ်။ မုတ်စီရွာကို အကြောင်းမဲ့သက်သက် ဘာတိုက်ပွဲမှမဖြစ်ရဘဲ နေအိမ်တွေကို မီးလာရှို့တာပါပဲ။ ရိက္ခာရှာဖို့ ပေါ်တာဆွဲဖို့ သီးသန့်ထွက်လာရင်း မီးရှို့တယ်လို့ ခန့်မှန်းရပါတယ်။ မုတ်စီကို မီးရှို့ခဲ့တဲ့ စခတွေကတော့ ရေဦးထဲ ပြန်ဝင်သွားပါပြီ။ နေအိမ်တစ်လုံးပါသွားပါတယ်။“ လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။