ကချင်ပြည်နယ် ၊ ဖားကန့်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၂ ယောက် ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

ဇူလိုင်လ ၂ ရက်က ဖားကန့်မြို့နယ်ကို ၆ ဘီးကား ၄ စီး နဲ့ လူအင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီတပ် နဲ့ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ အဲဒီနေ့ညပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်အုပ်စုကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က စစ်ရှောင်တွေတိမ်းရှောင်တဲ့ ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ယောက် သေဆုံးကာ ၁၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ် ။

“ထပ်ပြီး အင်အားထပ်ရောက်လာတယ်၊ ၆ ဘီးကား နဲ့ ဖားကန့်မြို့ပေါ်ဝင်ချလာတယ်၊ အဲဒီမှာ ဗျူဟာမှူးပါတယ်လို့ ယူဆတယ်၊ အဲ့နေ့ပဲ ချက်ချင်း ကား ၂ စီးက ဗျုဟာကုန်း ဝင်တယ် ၊ ကား ၂ စီးက အမှိုက်ပုံမှာချတယ်၊ အမှိုက်ပုံမှာ အင်အားထပ်ဖြည့်တာ၊ အဲဒီနေ့ညမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်၊ အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်၊” လို့ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့က ဖားကန့်မြို့ရှိ အမျိုးသားတစ်ဦးသေဆုံးနေပုံ

အဲဒီနောက် ဇူလိုင်လ ၄ ရက်မှာလည်း KIA တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လမောင်ကုန်းကို တက်ဖို့အတွက် စစ်ကြောင်းထိုးလာစဉ် အဲ့လမ်းပိုင်းတစ်ဝိုက်မှာ ရှိတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ကြီးကြီးမားမား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့ကို လာရောက်သယ်ထုတ်ပေးဖို့ အကြောင်းကြားလာပေမယ့် စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်တာကြောင့် သေဆုံးသွားတဲ့ ဒေသခံ ၂ ယောက်ရဲ့ အလောင်းကို သွားရောက်မယူဆောင်နိုင်ခဲ့ဘူးလို့ သိရပါတယ် ။

ဇူလိုင်လ ၅ ရက် မနက်ပိုင်းမှာလည်း မှော်မောင်းလျှံ၊ မော်ဝမ်းလေး၊ ဆွတ်ငိုင်ယန် စတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းလောက်မှာတော့ ပစ်ခတ်မှု အနည်းငယ် ငြိမ်ကျသွားတယ်လို့ ဆိုပါတယ်။

” တောက်လျှောက် အမှိုက်ပုံဘက်ရော ၊ မှော်မောင်းလျှံဘက်မှာရော တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတယ် မနက်ခင်းမှာအရမ်းပြင်းထန်တယ် နေ့လယ်ပိုင်းမှာတော့ ပစ်လိုက်နားလိုက် တော်တော်လေးကြာမှပစ်လိုက်ပုံစံမျိုးပဲရှိတော့တယ်အရပ်သားပြည်သူက ၂ ဦးသေဆုံးထားပြီးလူမှုရေးအသင်းတွေကိုအကြောင်းထားတာရှိတယ်သွားမကောက်ရဲသေးဘူး ” လို့ အဆိုပါနယ်ခံက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လမောင်ကုန်းကို တက်ဖို့အတွက် အင်မားယန်ကျေးရွာကို ဖြတ်ရမှာဖြစ်ပြီး အဲဒီလမ်းတစ်ကျောမှာလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက နေရာယူထားတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ မှော်ဝမ်းကြီး ၊ မှော်ဝမ်းလေးဘက်မှ အင်မားယန်ဘက်ကိုတက်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေမည်

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးသတိပေးချက် ထုတ်ပြန်ပြီး ၁ လအကြာ ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ရေးသတိပေးချက် ထုတ်ပြန်ထားတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုအထိုင်ချတပ်စွဲရာ မြို့ပေါ်နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။