မန္တလေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နွားထိုးကြီးမြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ယောက် အလင်းဝင်ရောက်လာတယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီက သိရပါတယ်။

ရဲတပ်ကြပ် ကိုဝင်းခိုင်ဟာ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်းထံ ဇူလိုင်လ ၁ ရက်က အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာ လွတ်လပ်စွာ နေခိုင်းထားတယ်လို့ ဆိုပါတယ်။

“ဆက်သွယ်ပြီး ဝင်လာတာ မဟုတ်ဘူးဗျ သူ့ပါသာ စခန်းကနေ ထွက်လာပြီး ကျွန်တော်တို့ရှိရာ ဂိတ်ကို ရောက်လာတာ ၊လက်နက်ကတော့ မပါဘူးဗျ” လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းမှ ကိုလန်ဒန်က ပြောပါတယ်။

မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံ အလင်းဝင်တဲ့ ရဲတပ်ကြပ်

အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ကိုဝင်းခိုင်ဟာ ‌လက်နက်မကိုင်တော့ပဲ မိသားစုတွေနဲ့သာ အေးအေးဆေးဆေး နေချင်တယ်လို့ ပြောတဲ့အတွက် သူ့ရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ဟာ နွားထိုးကြီးရှိ စစ်အုပ်စုရဲ့ ဂတ်ပိုက်လိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တာ ကြာပြီဖြစ်ပြီး မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းဆီ အလင်းဝင်ရောက်သူဟာ ၂ ယောက် ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များထဲမှ MA1 သေနတ် (၅) လက်ကို တိုက်နယ် ပကဖများထံ ဂုဏ်ပြုပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲက MA1 သေနတ် (၅)လက်ကို တိုက်နယ် ပကဖ တွေဆီ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ကွတ်ခိုင်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦး သေဆုံး၊ (၇) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ (၆) ယောက် သေဆုံးခဲ့ပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ကျင်းပတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ၁ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အနီးမှာ မတောင့်တကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်မင်းထက်ဆိုသူ ဦးဆောင်ပြီး ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် ပစ်ခတ်ရာ အောင်မင်းထက်ကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့  ၃၈၀၂ တပ်ရင်းထံက သိရပါတယ်။