ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ညသန်းခေါင်ယံအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ကျောက်မဲမြို့ပေါ်ကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့၊ ရပ်ကွက် (၂) ရှိ အဆောက်အဦး (၄)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ (၅)ရက် မနေ့ကလည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ သီပေါမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံခွဲစိတ်ဆောင် (၁)ဆောင်၊ စည်ပင်အဆောက်အဦး (၅)အိမ်နဲ့ နေအိမ် (၈) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း တိုက်ပွဲမဖြစ်ပွားဘဲ ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် (၅) ယောက် သေဆုံးပြီး ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၂၂) ယောက် ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၆၅) လုံး၊ စာသင်ကျောင်း (၃)ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၂)ကျောင်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းတပ်သား (၇) ဦး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား ၇ ယောက် အလင်းဝင် ဘက်ပြောင်း ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်တာတဲ့ စစ်မှုထမ်းတပ်သား ၇ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က KNLA တပ်ရင်း ၉ ထံကို အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊ ကလေးငယ် ၄ ဦးအပါ ၁၀ ဦးသေဆုံး

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် ၄ ယောက်အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရေတာရှည် တိုက်ပွဲမှာ နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF တပ်ရင်း ၉၀၁ နဲ့ ပုဝါနီစစ်ကြောင်းက ရဲဘော် ၈ ယောက် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDF အမှတ် (၉၀၁)တပ်ရင်းဆီက သိရပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

KNU မူတြော်ခရိုင်တွင် စစ်မှုထမ်းဆင်း စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

ကရင်ပြည်နယ်၊ မူတြော်ခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မူတြော်ခရိုင်က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့ အမှန်မမြင်ဘဲ အကြမ်းဖက်နေသည်ဟု ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မင်းအောင်လှိုင် ပြော

ဒီနေ့မှာကျရောက်တဲ့ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။