ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF စိုးမိုးနယ်မြေအတွင်းက စစ်ရှောင်ကလေးငယ်တွေအပါဝင် ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇူလိုင်လ ၅ ရက် မနေ့က ညနေ ၅ နာရီခန့်မှာ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက နတ်သံကွင်းရွာနဲ့ ၁ မိုင်အကွာ တောကြောင်ပေါက်ကျေးရွာကို ဒရုန်းနဲ့ ၁၂၀ မမဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တောကြောင်ပေါက်ကျေးရွာအတွင်းက စစ်ရှောင်အရပ်သားတွေရှိနေတဲ့ စာသင်ကျောင်းတည့်တည့်ကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီး ၁ လုံး ပေါက်ကွဲသွားတာကြောင့် အရပ်သားတွေထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ တောကြောင်ပေါက် ကျေးရွာဟာ ပဲခူးခရိုင် အမှတ် -၂တပ်ရင်း P2-3702 ရဲ့စိုးမိုးနယ်မြေအတွင်း ရှိပေမယ့် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ရှောင်အရပ်သားတွေသာ နေထိုင်တာဖြစ်တယ်လို့လည်း တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

“တောကြောင်ပေါက်က ကျနော်တို့စိုးမိုးနယ်မြေထဲက ရွာဆိုပေမယ့် ဘာစစ်ရေးလှုပ်ရှားမှုမှမရှိပါဘူး။ အဲ့တာကို သက်သက်လာကြဲသွားတာပါ။ စစ်ဘေးရှောင်တွေရှိတဲ့နေရာကို ကြဲသွားတာပေါ့။ ပြောရရင် နတ်သံကွင်းရွာမှာ စခတွေလာထိုင်လို့ စစ်ဘေးလာရှောင်နေကြတဲ့ အရပ်သားတွေထိတာပါ။ စုစုပေါင်းသေတာက ၆ယောက်နဲ့ ဒဏ်ရာရတာ ၂ယောက်ပါ။ ပထမက ၄ယောက်ပဲသေတာ ဆေးခန်းပို့ရင်းနဲ့မှ ၂ယောက်ထပ်သေတော့ အားလုံးပေါင်း ၆ယောက်ဖြစ်သွားတာပါ။ သေတဲ့အထဲ ၁နှစ်သားကလေးနဲ့ ၆နှစ်သားကလေးလည်းပါတယ်။ ကျန်တာက ၆၀ ကျော်နဲ့ ၃၀ ကျော် လူကြီးတွေပါ။” လို့ ပဲခူးခရိုင် အမှတ် -၂တပ်ရင်း P2-3702 ရဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

” အဓိကပြောချင်တာကတော့ဗျာ ပြည်သူနဲ့ကျွန်တော်တို့ကိုသွေးခွဲတာပေါ့။ ကျနော်တို့ကရွာတွေမှာ ထိုင်ထားတော့ PDF ရှိရင် ရွာသားတွေဒီလိုဖစ်မယ်ဆိုတဲ့သဘောပေါ့။ သက်သက်မဲ့စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ လုပ်တာပါ။ သူတို့မှာမြေပြင်ကနေ ထိုးစစ်မဆင်နိုင်တော့ လက်နက်ကြီးတွေ ဒရုန်းတွေပဲပိုသုံးလာတာပါ။ ကျွန်တော်တို့ကလည်း ကိုယ်ရှိတဲ့‌နေရာလာချလို့ ရဲဘော်တွေထိသွားရင်တောင် အခုလောက်မခံစားရဖူးဗျာ ခုကြတော့မဆိုင်တဲ့ပြည်သူကို သပ်သပ်ဒုက္ခပေးတာပါ” လို့ ပဲခူးခရိုင် အမှတ် -၂တပ်ရင်း P2-3702 ရဲ့တာဝန်ရှိသူက ပြောပါတယ်။

​နတ်သံကွင်းကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ တပ်စွဲနေတာကြောင့် ၂၀၂၃ ခုနှစ်ကစလို့ ဒေသခံအရပ်သားပြည်သူတွေဟာ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ (ဓာတ်ပုံ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702)

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ငွေကြေးတောင်းယူမှုတွေ ပြုလုပ်နေ

ဧရာဝတီတိုင်းထဲက မအူပင်၊ ပန်းတနော်၊ ဓနုဖြူ၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ပုသိမ်မြို့တွေမှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ငွေကြေးတောင်းယူတာတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ ဆိုင်ကယ်တွေဆိုရင် လိုင်စင်မရှိရင် အပြီးအပိုင် သိမ်းယူပြီး လူကိုလည်း ထောင်တစ်လ ပြစ်ဒဏ်ချတယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်ပြဿနာ၏ အဓိက တရားခံ အာဏာသိမ်းစစ်တပ်က ငွေလိမ်ဂိုဏ်းများကို အယောင်ပြ ဖြိုခွင်း သက်သေဖျောက်ဖျက်ကာ နေရာရွှေ့ပြောင်းပေးနေဟု NUG ပြော

ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကပါ အရေးယူမှုတွေ ပြုလုပ်လာချိန်မှာ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အယောင်ပြ နှိမ်နင်းမှုတွေ လုပ်ဆောင်လာနေပါတယ်။ ဒါပေမယ့် တကယ်တမ်း ငွေလိမ်ဂိုဏ်း ပြဿနာတွေရဲ့ အဓိက တရားခံဟာ အာဏာသိမ်းစစ်တပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောကြားလိုက်ပါတယ်။
Read More

ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းဆင်းစစ်သား (၂) ဦး တနင်္သာရီတိုင်းစစ်ဌာနဆီ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ

တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KK Park အတွင်း အဆောက်အဦး ၁၀၀ ကျော် ဖောက်ခွဲဖျက်ဆီးပြီးကြောင်း မတတ်သာဘဲ ကျားဖြန့် ဟန်ဆောင်နှိမ်နင်းပြနေသည့် စစ်ကော်မရှင် ထုတ်ပြန်

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲက လူတွေကို အာဏာသိမ်းစစ်တပ်က မောင်းထုတ်ပြီးတဲ့နောက် KK Park အတွင်း ဖောက်ခွဲမှုတွေ နေ့စဥ်လုပ်ဆောင်နေရာ အဆောက်အဦး ၁၀၁ လုံးအထိ ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
Read More

ရေကြီးမြေပြိုမှုတွေကြောင့် တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၈၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
Read More

၈ ထပ် ရေတံခွန်တွင် ပျောက်ဆုံးနေသည့် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်း ပြန်လည်ရရှိ

“ကျနော်တို့ ဒီကနေ့ မနက်အစောပိုင်းကတည်းက ရှာဖွေမှုတွေ စခဲ့တာပါ။ နေ့လယ် ၁၁ ခွဲဝန်းကျင်လောက်မှာ အလောင်းကို ရှာတွေ့ခဲ့တာ… ၈ထပ်ရေတံခွန်ရဲ့ အောက်မှာလေ.. ၃ထပ်ရေတံခွန်ဆိုပြီး ရှိပါတယ်။ အဲ့ဒီနေရာမှာ တွေ့တာပါ။ အမျိုးသမီး ၁ဦးရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူတယောက်က မောင်းကို ပြောပါတယ်။