စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ဖို့ ချိတ်ဆက်တာ ၁ ပတ်ကျော်ခန့်ရှိပြီဖြစ်ကာ ဇူလိုင်လ ၄ ရက်နေ့မှာတော့ (SAGAING-PDF) တပ်ဖွဲ့ထံ MA အမျိုးအစား သေနတ် ၂ လက်နဲ့အတူ ရောက်ရှိလာခဲ့တယ်လို့ ‌ဆိုပါတယ်။

“လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်” လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ် ။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ယောက်ကို ဆုကြေးငွေတွေ ချီးမြှင့်ကာ သူတို့ဘဝ ဆက်လက်ရပ်တည်ရှင်သန်နိုင်ရေအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ကောင်စီတပ်သား ၂ယောက်ကလည်း လက်နက်မကိုင်တော့ဘဲ လွတ်မြောက်နယ်မြေမှာ နေထိုင်ရင်း ဖြတ်သန်းသွားဖို့ ဆန္ဒရှိကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အလင်းဝင်ရောက်နိုင်ကြောင်းနဲ့ အလင်းဝင်လာသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီးတစ်ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၆ ယောက် ဖမ်းဆီးရမိ

ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

ပုလောနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်၊ ပျူ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ပျုစောထီးစခန်းတစ်ခုကို KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးဌာနဆီက သိရပါတယ်။
Read More

PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။