ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Justice Soldier PDF တပ်ဖွဲ့က သင်တန်းသားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

သင်တန်းသားအဖြစ် လျှောက်ထားလိုသူတွေအနေနဲ့ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်း ဖြစ်ဖို့ လိုအပ်ပြီး စစ်သင်တန်းတက်ဖို့ လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမှာဖြစ်သလို စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သန္နိဌာန်ချထားသူဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ပြီး မိမိအထက်တာဝန်ရှိသူက ပေးအပ်တဲ့ တာဝန်နဲ့ အမိန့်ကို တိကျသေချာစွာ လိုက်နာနိုင်ဖို့လိုသလို ရာဇဝတ်မှု ကင်းရှင်းသူဖြစ်ရမယ်လို့ ဆိုပါတယ်။

Justice Soldiers PDF က ပို့ချသွားမယ် အခြေခံစစ်သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်ရမှာဖြစ်ပြီး အဆိုပါစည်းကမ်းချက်တွေနဲ့ ကိုက်ညီလိုက်နာနိုင်ရင် လာရောက်လျှောက်ထားနိုင်တယ်လို့ Justice Soldiers PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ခြေလျင်တပ်ရင်းတွေကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က စစ်ကြောင်းမှူးတဖြစ်လဲ ဗိုလ်ကြီးအဆင့်ရှိသူ မင်းတေဇအပါအဝင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာရဲစခန်းမှာ အချုပ်ထဲ လူတွေ ပြည့်ညပ်အောင်ထည့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အမြတ်ထုတ်စီးပွါးရှာမှုတွေ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲစခန်းမှာ ရဲဝန်ထမ်းအသိုင်းအဝိုင်းက အချုပ်ကျနေသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေမဲ့ထိန်းသိမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းတွင် စပါးခင်းများကြား စစ်တပ်ကင်းပုန်းများကြောင့် ပြည်သူများ စပါးရိတ်ရန် အခက်အခဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စပါးခင်းတွေကြား အကြမ်းဖက်စစ်သားတွေ ကင်းပုန်းဝပ်နေတဲ့အတွက် ပြည်သူတွေ စပါးပြန်လည်ရိတ်သိမ်းဖို့ အခက်အခဲဖြစ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင်း ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတွက် အစည်းအဝေးထိုင်နေသည့် လှိုင်သာယာ ၁၄ ရပ်ကွက်ရုံးကို UG ၂ ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ တရားမဝင်ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဆောင်နေတဲ့ ၁၄ ရပ်ကွက်ရုံးကို သွားရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိနိုင်ကြောင်း လုပ်ဆောင်ခဲ့တဲ့  မြို့ပြကြွက်ကွန်ရက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။