တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇွန်လ ၃၀ ရက် မနက်ပိုင်းမှာ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာက အရပ်သားနေအိမ်တွေနဲ့ ရွာလယ်ဘုန်းကြီးကျောင်းအတွင်း ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေါင်းညီနောင်စစ်ကြောင်းနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နှစ်ဖက်ပစ်ခတ်မှု အချိန် ၆ နာရီကြာဖြစ်ပွားပြီး တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့အတူ ရွှေဂူတောင် ဂိတ်စခန်းကို ဆုတ်ခွာသွားကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

“အဲ့ကောင်တွေက ပြီးခဲ့တဲ့ ၂၉ ရက်နေ့တည်းက ထားဝယ်ကနေ မြေတင်ကား ၂ စီး အင်အား ၆၀ လောက်နဲ့ ရန်တောင်ရွာကို ရောက်နေတာပါ။ ၃၀ ရက်နေ့ကျ ရွှေဂူတောင်မှာရောက်နေတဲ့ စစ်ကြောင်းထဲကနေ အင်အား ၃၀ လောက် ရန်တောင်ရွာစခတွေနဲ့ ထိတွေ့မှုဖြစ်တဲ့အချိန် ထပ်ရောက်လာတယ်။ မျက်မြင်တွေရဲ့ ပြောကြားချက်အရဆို ကန်တောင်ရွာလယ်ကျောင်းရှေ့မှာ သေနေတဲ့ ၃ကောင်ထုတ်ထားပြီး ရန်တောင်ရွာ ဘိုးဘိုးရှင်ကြီးကျောင်းအကျော်မှာ ၂ကောင် လဲနေတယ်ပေါ့။ အသေကောင်တွေကို Vigo ကား ၂စီးနဲ့ သယ်ပြီး သရက်ချောင်းမြို့ဘက် ဆင်းသွားပါတယ်”လို့ ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေက စစ်ကြောင်းဆုတ်ရာမှာ အရပ်သား၃ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားခဲ့ပြီး ရွှေဂူတောင်ရောက်မှ လက်ကိုင်ဖုန်းတွေသိမ်းယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းနဲ့အတူ ဒေါင်းညီနောင်ဒရုန်းတပ်အဖွဲ့နဲ့ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်တောင်ကျေးရွာ တိုက်ပွဲပုံရိပ်များ (ဓာတ်ပုံ ဒေါင်းညီနောင်စစ်ကြောင်း)

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းကင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ စစ်ဘေးရှောင်တွေ ကယ်ထုတ်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ကာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ စစ်ဘေးရှောင်တွေကို ကယ်ထုတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိကာ စစ်ရှောင်စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Student's Revolutionary Force (S.R.F) ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က မောင်းကိုပြောပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

NPT PDF တပ်ရင်း ၈၀၃ မှ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂) နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ စကမ အဖွဲ့ဝင် ၁၈ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG  ကြေညာ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရား ဖမ်းဆီးခဲ့သူတွေနဲ့ ကာလုံအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။