မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။

ဇူလိုင်လ ၂ရက်၊ မနေ့က နေ့လယ်ပိုင်းကစလို့ ညောင်ဦးမြို့နယ်၊ ရွာပုလဲ ကျေးရွာအုပ်စု၊ ဖလန်ကန်နဲ့ တောင်တောရွာကြားမှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲအခြေအနေတွေကို တော်လှန်ရေးတပ်တွေဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် စစ်ကောင်စီထောက်ခံတဲ့ ချန်နယ်တွေမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ယောက်ကျဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း ဝါဒဖြန့် ဖော်ပြနေကြပါတယ်။

ဒီဖြစ်စဥ်အပေါ် “ရဲဘော် ၁၀ ယောက်ကျတာ ဟုတ်ပါတယ်။ ၃ယောက် ဒဏ်ရာရတယ်။ စခဘက်လည်း ထိခိုက်ဒဏ်ရာ တော်တော်များများ ရပါတယ်။” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကို အတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေကို အရှင်ဖမ်းဆီးခံရတာမျိုးတွေ ရှိတယ်လို့လည်း ဖော်ပြကြပေမယ့် မောင်းအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲမဖြစ်ခင် ဇူလိုင်လ ၁ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ တောင်ဘက်က ရွာပုလဲရွာနဲ့ မောင်းဂွတ်တောရွာ ၂ရွာကို စစ်အုပ်စုတွေ ဝင်ရောက်စီးနင်းရင်း အရပ်သား ၁ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်သာမြို့နယ်၊ ကင်းဇလုပ်ရွာ တိုက်ပွဲအပြီး အထိနာကာ ငါ့သရောက်ရဲစခန်းအတွင်း ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ရင်း နယ်မြေချင်းထိစပ်ရာ ညောင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာတာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က ပြောပါတယ်။

“မြင်းခြံခရိုင်၊ညောင်ဦးခရိုင် အစည်းအဝေးတွေပြီးကတည်းက စစ်ကြောင်းထိုးနေတာပါ။ စခ တိုင်းမှူးကိုယ်တိုင် လာတယ်ပြောတယ်။ ခရိုင်စစ်ဆင်းရေး ပြန်လုပ်နေတဲ့ အနေအထားမျိုးပေါ့။ အခုလည်း ငါ့သရောက်ကို အင်အားတိုးထားတဲ့ နေပြည်တော် အထူးတပ်ဖွဲ့တွေပါတယ်။ ကင်းဇလုပ်တိုက်ပွဲပြီးကတည်းက နောက်ရက်လာတာ အဲ့ဒါ ငါ့သရောက်ကို ၁ရက်နေ့ ညနေခင်းရောက်တယ်။ စစ်ရေးကတော့ အခုချိန်အထိ မငြိမ်သေးပါဘူး။” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်အကုန်လောက်ကစလို့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းတွေ သုံးလေးခု ခွဲထိုးရင်း သံချပ်ကာကားတွေပါ အသုံးပြု ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ အဲ့ဒီအချိန်ကတည်းက ညောင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်ဟာ မိုးထဲလေထဲ တိမ်းရှောင်နေခဲ့ရတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းက ဆင်သားမွေးရွာ အပါအဝင် မုန်တိုင်နဲ့ ကြအိုကျေးရွာတွေကို ဝင်ရောက်မွှေနှောက် မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားတွေကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ အပတ်စဥ် (၈) အခြေခံစစ်သင်တန်းဆင်းပွဲ

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF နဲ့ BLDF တို့အကြား စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF နဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)တို့ အွန်လိုင်းကနေ ဆွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနှင့် ပြန်လည်ဝင်ရောက်လာသည့် စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့တဲ့ လားရှိုးမြို့မှာ တရုတ်ရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။