ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မော်စီစာကျေးရွာအပိုင်၊ အမှိုက်ပုံရွာထဲကို စစ်အင်အားထပ်မံဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းလောက်မှာ စစ်ကောင်စီတပ်သားတွေက အမှိုက်ပုံရွာထဲကို လူအင်အားဖြည့်ဖို့ လာရောက်ချိန် KIA, KPDF ပူးပေါင်းတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အမှိုက်ပုံရွာ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲကာ စစ်ရှောင် ၂ ယောက် သေဆုံး၊ ၉ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

“အဲဒီဘုန်းကြီးကျောင်းမှာ အခြားရွာကလူတွေ ရှောင်တာတော့မရှိဘူး။ တခြားရွာကို မပြေးမရှောင်နိုင်တဲ့သူတွေက အဲ့ဘုန်းကြီးကျောင်းမှာပဲ လာရှောင်ကြတယ်။ ဘုန်းကြီးကျောင်းထဲတော့ လွတ်လောက်မယ်ထင်ပြီးတော့ အဲလိုရှောင်နေတာ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အမှိုက်ပုံရွာထဲမှာတပ်စွဲထားတာ ၃ ရက်ခန့်ရှိပြီးဖြစ်ပြီး လာရောက်တပ်စွဲတဲ့နေ့မှာလည်း KIA ပူးပေါင်းတပ်ဖွဲ့တွေက ဒေသခံတွေကို ကျေးရွာကနေရှောင်တိမ်းဖို့ သက်ဆိုင်ရာလူကြီးတွေကနေတဆင့် ပြောကြားခိုင်းတာမျိုးရှိတယ်လို့ ဆိုပါတယ် ။

အခုလို အမှိုက်ပုံရွာထဲ စစ်ကောင်စီတပ်သားတွေ လာရောက်တပ်စွဲထားတာဟာ KIA တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လှမောင်ကုန်းကို ပြန်လည်သိမ်းပိုက်ချင်တဲ့အတွက် အခုလို လူအင်အားဖြည့်တင်းနေတာ ဖြစ်တယ်လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“လှမောင်ကုန်းကျေးရွာက ဖားကန့်မြို့ပေါ်မှာတော့ အမြင့်ဆုံးတောင်တစ်ခုဖြစ်တယ်။ ဗျူဟာအရ အရမ်းအရေးပါတယ်။ အဲဒီဟာကို အရင်က စစ်တပ်ကထိုင်ထားတယ် ။ ၂၀၂၃ ခုနှစ်လောက်က KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးတော့ အဲဒီကုန်းကိုယူထားတာပေါ့နော်။ အခု စစ်ကောင်စီက အဲဒီကုန်းကိုပြန်ရချင်တယ်” လို့ ဆိုပါတယ် ။

စစ်ကောင်စီတပ်သားတွေ အခုလိုတပ်စွဲထားတဲ့အတွက် အမှိုက်ပုံရွာ၊ မှော်ဝမ်းလေးရွာ၊ မှော်ဝမ်းကြီးရွာ အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတာ ၁၀ ရက်နီးပါးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းခရိုင် ပကဖ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ တိုက်ခိုက်ရေးစစ်သည်များ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၇ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း ပကဖ အသံက ဖော်ပြထားပါတယ်။
Read More

NMSP-AD နဲ့ MLA တပ်တွေ ပူးပေါင်းပြီး ရာမညမွန်တပ်တော် အနေနဲ့ ဆက်ရှိသွားမည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP(AD) ရဲ့ တပ်ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ကို ပေါင်းစည်းပြီး “ဒပ်မန်ရာမည-ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ မေလ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါခရိုင် “Yawland Operation” စစ်ဆင်ရေးအတွင်း ပျူစောထီးစခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဝင် ၄၂ ဦး သေဆုံး

“ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ မျက်မြင်ရုပ်အလောင်းက ၂၀ ဝန်းကျင်လောက် ကျွန်တော်တို့ တွေ့ခဲ့တာရှိတယ်။ ရန်သူဘက်က ဆက်သွယ်ရေးစက်ကနေတဆင့် သိရတာမျိုးလည်းရှိတယ်။ ပြီးတော့ ရန်သူဘက်က သတင်းရင်းမြစ်တွေကနေ သိရတာပါ” လို့ ဂန့်ဂေါခရိုင်စစ်ဌာနမှ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။