မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မဏိပူရပြည်နယ်အတွင်း ခိုလှုံနေခဲ့ကြတဲ့ မြန်မာဒုက္ခသည် ၅၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေရပ်ပြန်သွားပြီဖြစ်ကြောင်း အိန္ဒိယ အရှေ့မြောက်ပိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

“ခန့်မှန်းခြေ ဒုက္ခသည် ၅၀၀၀ လောက် မြန်မာပြည်ကို ပြန်သွားကြပြီ” လို့ တာဝန်ရှိသူ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဇွန်လ ၂၈ ရက်နေ့ထုတ် Sangai Express မှာ ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံတွင်း အခြေအနေတွေ တိုးတက်လာပြီး ဒုက္ခသည်တွေလည်း ပြန်စပြုလာကြပြီဆိုတော့ အစိုးရရဲ့ (အိန္ဒိယနိုင်ငံထဲ) ဒုက္ခသည်တွေ ဝင်ခွင့်ပြုတဲ့ ဆောင်ရွက်မှုတွေ ရပ်တန့်လိုက်ပြီ” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေချိန် မဏိပူရဘက်က မြန်မာဒုက္ခသည်တွေ ပြန်ပို့နေတဲ့ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့လူသားချင်းစာနာမှု အဖွဲ့အသီးသီးရဲ့ ဝေဖန်စရာဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မေလ က နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ရဲ့ ထုတ်ပြန်ချက်ထဲမှာ “အိန္ဒိယရဲ့ (မဏိပူရက) မြန်မာဒုက္ခသည် ၇၇ ဦးကို အတင်းအကြပ် ပြန်ပို့မှုဟာ အတင်းအကျပ်နေရပ်ပြန်မပို့ရေးမူဝါဒ (Non-refoulement Principle) ကိုချိုးဖောက်ရာရောက်” ကြောင်းနဲ့ “မြန်မာဒုက္ခသည်တွေကို နောက်ထပ် အတင်းအကြပ် ပြန်ပို့မှု အစီအစဉ်တွေကို ချက်ချင်းရပ်ရမှာဖြစ်ကြောင်း” ပြောဆိုထားပါတယ်။

မိုရေးမြို့တွင် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်နေသည့် တပ်ဖွဲ့ဝင်။ မဏိပူရသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ၃၉၈ ကီလိုမီတာ ရှိသည်။ (ဓာတ်ပုံ Karishma Hasnat)

၂၀၂၄ ခုနှစ် ဇွန်လအထိ မဏိပူရရဲ့ Kamjong နယ်စပ်မှာ မြန်မာပြည်က လူပေါင်း ၅၄၀၀ ခန့် ခိုလှုံခဲ့ကြပြီး စစ်တပ်ရဲ့ “လေကြောင်း ဗုံးကြဲမှုနဲ့ တိုက်ခိုက်မှုတွေ” ကို ကြောက်ရွံ့လို့ ဖြစ်ကြောင်း အာသံရိုင်ဖယ် ညွှန်ကြားရေးမှူးချုပ်က အဲဒီတုန်းက The Hindu သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

၂၀၂၃ ဒီဇင်ဘာလမှာ အိန္ဒိယနယ်စပ်တလျှောက် တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂၀၀၀ ခန့် Kamjong ထဲ ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ အဆိုအရ မဏိပူရခရိုင်အတွင်း နာဂကျေးရွာတွေမှာ လက်ရှိခိုလှုံနေသူ ၇၀၀၀ ခန့်ရှိပြီး၊ အသက်ငါးနှစ်အောက် ကလေးတွေမပါ၊ ပြည်နယ်အစိုးရက ဇီဝမှတ်ပုံတင်ထားသူ ၆၀၀၀ ခန့်ရှိကြောင်း၊ ဒုက္ခသည်တွေကို ဒေသခံတွေနဲ့ ခွဲခြားနိုင်ဖို့ မှတ်ပုံတင်ကတ်တွေ ထုတ်ပေးထားကြောင်း သိရပါတယ်။

“ကျန်ရှိတဲ့ ဒုက္ခသည်တွေဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အခြားကိစ္စတွေအတွက် မြန်မာပြည်က သူတို့ရွာတွေဆီ နေ့ချင်းအချိန်မှာ သွားလေ့ရှိပြီး ညနေပိုင်းမှာတော့ Kamjong ကို ပြန်လာကြောင်း သတင်းအရင်းအမြစ်က ပြောဆိုတယ်” လို့ Sangai Express ရဲ့ ဇွန်လ ၂၈ ရက် သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အစိုးရဘက်က မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည်တွေကို အချက်အလက်စုဆောင်းနေပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးဘက်ကလည်း ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးနေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်း – 5,000 Myanmarese Refugees Taking Shelter in Manipur Leave India After Govt Stops Their Entry

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က NUG ဒုဝန်ကြီးနဲ့ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့

သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ နိုင်ငံတကာကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံခြင်းမပြုလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) က နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံ တက်ကြွစွာ အားပေးကူညီနေဟု Justice For Myanmar ထုတ်ပြန်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။