မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက် မနက်ပိုင်းက တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီးတဝိုက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိအခိုက်များတာကြောင့် ဇွန်လ ၂၆ မနက်ပိုင်း၊ နေ့လည်ပိုင်းနဲ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဥ် ၃ စီးနဲ့ ကင်းဇလုပ်ကျေးရွာ ပတ်ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန်လ ၂၇ ရက် မနက်အစောပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ အထိုင်ချရာ ကင်းဇလုပ်ကျေးရွာကနေ ငါ့သရောက်နယ်ရဲစခန်းဆီ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက ၆၀ မမ လက်နက်ကြီး ၁၂ လုံးနဲ့ RPG ကျည်ဖူး 1 ဖူး သိမ်းဆည်းရမိခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းနဲ့ ညောင်ဦးခရိုင်အမှတ်(၅)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ အိမ်မွေးဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ ဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ထက်မနည်း သေဆုံး၊  တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအနီးကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို  ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၃၀ ထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့  ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းက ကြွယ်ပုံ ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂၉ ယောက်သေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။
Read More

ခန္တီးတွင် ချင်းတွင်းမြစ်ကြောင်းရှိ စက်လှေလိုင်းများကို စစ်အုပ်စု ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။