စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၃၀ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်ခန့်က ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံစစ်ဆေးရေး ဂိတ်စခန်းကနေ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်သားနဲ့ ပျူစောထီး ၆ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ဇီးကုန်းရဲစခန်း၊ ဇီးကုန်း MEC  သကြားစက်ရုံ၊ မူးဆုံစခန်းတို့ကနေ လက်နက်ကြီး လက်နက်ငယ်တွေ တပ်ကူပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို Kantbalu Counter Revolution Army(KBU-CRA) အဖွဲ့က ဦးဆောင်ကာ Kantbalu Htaw Gyi ပကဖ၊ Kantbalu လျှပ်ပြေး ပကဖ၊ Kantbalu တောသား ပကဖ မဟာမိတ် ပူးပေါင်းအဖွဲ့တို့  လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့အတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ မိုးကောင်း‌ကျောင်းအတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွား တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာအတွင်း နေအိမ်များ မီးရှို့နေသည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ လဘရွာမှာ နေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီယဲယင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာတွေကို စက်တင်ဘာ ၁၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Bo Tiger – ဗိုလ်ကျားကြီးအဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့်အဆောက်အအုံမှာ မိုင်းထောင်ပြီး တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သမီး ၂ ယောက် ဆုံးရှုံးခဲ့ရသည့် မိခင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း သမီး ၂ ယောက် ဆုံးရှုံးခဲ့ရတဲ့ မိခင်ဖြစ်သူရဲ့ ရင်တွင်းစကား ပြောကြားချက်ကို CDM ဆရာမ ဒေါ်ရတီအုန်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။