မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက် မွန်းမတည်မီအချိန်က စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးတက် ဂျက်ဖိုက်တာတစ်စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးကာ ရုပ်အလောင်း မကျန်ရှိခဲ့ဘဲ အရိုးနဲ့အသားစတွေသာ ကျန်ရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ဒါ့အပြင် လက်ပန်လှကျေးရွာက နေအိမ်အဆောက်အဦး ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဝေးရာမှာ နေထိုင်ပြီး လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက်လည်း ဗုံးခိုကျင်းတွေ ​တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် စစ်ကောင်စီက စစ်ကြောင်းထိုးရာလမ်းတလျှောက် အရပ်သား ၈ ဦးကို ဖမ်းဆီးကာ စိတ်ကျန်းမာရေးချို့တဲ့သူ ၁ ဦးကို ရိုက်သတ်ခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အင်အားအပြောင်းလဲလုပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက အရပ်သားတွေကို စစ်ကြောင်းထိုးရာ လမ်းတလျှောက် ဖမ်းဆီးခေါ်ဆောင်ရင်း စိတ်ကျန်းမာရေး ချို့တဲ့နေသူ ၁ ယောက်ကို ရိုက်နှက်သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသည့်လုပ်ရပ်များ မလုပ်ခဲ့သလို NUG လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုကြောင်း ယာယီသမ္မတ ပြောကြား

"ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ "Kim" ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ "Kim" ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ "Kim" ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ "ကင်ရဲ့ မိခင်" ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ဆိုပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး လက်နက်မဲ့အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ ၁၄ နှစ်အရွယ် ပျုစောထီး ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။