အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ကျောက်မဲမြို့ ၊ ရပ်ကွက် (၁) ကို ပေါင် (၂၅၀) ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသမီး ၂ယောက်၊ အမျိုးသား ၄ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၁၀ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဇွန်လ ၂၄ရက်နဲ့ ၂၆ရက်နေ့တွေတုန်းကလည်း ကျောက်မဲမြို့အတွင်းကို လေကြောင်းအသုံးပြုကာ ဗုံး ၄လုံး ကြဲချခဲ့တာကြောင့် ပြည်သူ ၅ယောက် သေဆုံးပြီး ကလေးငယ် ၂ယောက် အပါအဝင် ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူနေအိမ် ၅၁ လုံးနဲ့ စာသင်ကျောင်း ၂ကျောင်း ထိမှန် ပျက်စီးသွားခဲ့ပါတယ်။

စစ်အုပ်စုဟာ လေကြောင်းကို အဓိက အသုံးပြုကာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူလူထုအနေနဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေးအတွက် စစ်ရေးသတိ အမြဲရှိကြဖို့ လိုအပ်သလို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှ စစ်မှုထမ်းဆင်းစစ်သား (၂) ဦး တနင်္သာရီတိုင်းစစ်ဌာနဆီ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ

တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုက စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီစစ်သား(၂) ယောက် ဇူလိုင်လ ၈ ရက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူတွေက ခရိုင်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ခရိုင် ပအဖအတွင်းရေးမှူး၊ မြို့နယ်ပအဖအတွင်းရေးမှူး၊ မြို့နယ်လူ့အခွင့်ရေးတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူး၊ တိုက်နယ်လူသားစာနာတာဝန်ခံတို့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေနဲ့အတူ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးနှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ် Gyrocopter ၃စီးဖြင့် လှည့်ပတ်ဗုံးကြဲ၊ အမျိုးသမီး ၁ဦး သေဆုံး

“ညနေပိုင်းလောက်မှာ နမခ ကနေ Gyrocopter ၃စီး တက်လာတယ်။ အဲဒီဖန်းခါးဇင်ဆိုတဲ့ ကျေးရွာမှာ ဗုံးသီး ၄လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တယ်။ နောက်ပြီးတော့ တန့်ဆည်တောင်ဘက်ခြမ်းက ကျေးရွာ ၂ရွာကိုလည်း ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်” လို့ ရေဦးအနောက်ခြမ်း သတင်းတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) မောင်းကို ပြောပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က အသိပေးထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်၊ မိုးမိတ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရန် အနီးကပ် ကြီးကြပ်ကာ ဆက်လက်တိုက်ပွဲဝင်နေကြောင်း NUG အသိပေး

မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြည်သူနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။