မကွေးတိုင်း ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့် လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ထိန်အိုင်ရွာမြောက်ဘက်မှာ စစ်ကောင်စီတပ်သား ၂၀၀ ခန့်လိုက်ပါစီးနင်းလာတဲ့ စစ်ယာဉ် ၉ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲပြီးနောက် ယာဉ်တန်းအား မိနစ် ၂၀ ခန့် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ယာဉ်တန်းမှာ စစ်သားနဲ့ ပျူစောထီး ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေကို Hijet ယာဉ်နဲ့ မကွေးစစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ် ပကဖ (ပွင့်ဖြူ)နဲ့ ပွင့်ဖြူကာကွယ်ရေး တပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်

0 Shares:
You May Also Like
Read More

အင်းလေးဒေသတွင် နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီးလောင် (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသအတွင်း နေအိမ် ၁ လုံး မိုးကြိုးပစ်ခံရပြီး မီး လောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စက်တင်ဘာ ၃၀ ရက် ဒီမနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ ငါးဖယ်ချောင်း ကျေးရွာအုပ်စု သပြေပင်ရှေ့အမှတ် (၁) ရပ်ကွက် နေအိမ် ၁ လုံးကို မိုးကြိုးပစ်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်အတွင်း လူထိခိုက်မှုမရှိပေမယ့် နေအိမ်ကတော့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးစပ်ဖန်တီးသူ တော်လှန်လူငယ် ၂ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံရပြီး အစအန ပျောက်နေတဲ့ “နွေမှာပျံသန်းသည့်ငှက်ငယ်”

မြို့ပြပြောက်ကျား လူငယ်နှစ်ယောက်ဟာ တော်လှန်ရေးကာလအတွင်း ပြေးရင်းလွှားရင်း “နွေမှာပျံသန်းသည့်ငှက်ငယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးစပ်ဖန်တီးခဲ့ကြပါတယ်။
Read More

ရန်ကုန်မြို့ တစ်နေရာမှာ လူငယ်တွေက ‘ဖိရင်ကြွမယ် ထိရင် ချမယ်’ ဘန်ကာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတစ်ရပ် ပြုလုပ် (ရုပ်/သံ)

ရန်ကုန်မြို့တစ်နေရာမှာ အောက်တိုဘာ ၅ ရက် မနေ့က မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီက စစ်ကောင်စီတပ်ရဲ့ မတရားစစ်မှုထမ်းခေါ်ယူတာ၊ သန်းခေါင်းစာရင်းကောက်ခြင်းတာနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်‌ရေးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထန်တလန် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး ပြည်သူ အယောက် ၃၀ ကို ကယ်တင်မှုမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေ၊ ၃ ယောက်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။