မကွေးတိုင်း၊ ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

အင်အား ၁၅၀ ကျော်ပါရှိတဲ့ စစ်ကောင်စီတပ်ဟာ ဇွန်လ ၈ရက်နေ့မှာ ရိက္ခာပို့ယာဥ်တန်းနဲ့အတူ ပခုက္ကူမြို့ကနေ ပေါက်မြို့ဘက်ကို လာစဥ် လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ရက်မှာ အဆိုပါ စစ်ကောင်စီတပ်သားတွေက ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၂၁၉) စစ်ဒေသခွဲရဲ့ တပ်စခန်းကို ဝင်ရောက်မီးရှို့ခဲ့လို့ ရိက္ခာတွေနဲ့ မိုင်းထုတ်လုပ်ရေးပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

“ရွာကိုဝင်ပြီး ချက်ချင်းကြီး စခန်းကို မီးမရှို့သေးဘူးဗျ။ ရွာပတ်ပတ်လည်ကို ရှာရင်းနဲ့ စခန်းကိုတွေ့ပြီး မီးရှို့သွားတာပါ။ မိုင်းလုပ်တဲ့ပစ္စည်းတွေ တော်တော်များများ ပါမယ်ဗျ။ လုပ်လက်စရော မိုင်းမလုပ်ရသေးတာတွေပါ ပါသွားတယ်ဗျ” လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု မီးရှိုးဖျက်ဆီးမှုကြောင့် ငွေကြေးအားဖြင့် သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီယာဥ်တန်းဟာ ဇွန်လ ၈ရက်နေ့ကတည်းက ကမ္မမြို့ပေါ်ကို ရောက်ရှိနေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကြိုတင်ရှောင်နိုင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရသူတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပေါက်မြို့နယ်အစပ် မန်ကျည်းသုံးပင်ရွာနားကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ People’s Democratic Army (PDA))

0 Shares:
You May Also Like
Read More

နေပြည်တော်မှာ ရေကြီးနေတာကြောင့် စစ်အုပ်စု၏ ကပစ ၁ နဲ့ ကပစ ၄ တို့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးများ ရပ်ထားရ…

“အခုက နေပြည်တော်မှာ နှစ်တိုင်း ရေကြီးတော့မယ့် အနေအထား ရှိတယ်။ ငလျင်ကလည်း တစ်ခါခံရတယ်။ အခုလည်း ရေက ကြီးနေတယ်။ မနှစ်ကလည်း ရေကြီးလို့ဆိုပြီး Production တွေ ရပ်နားခဲ့ရသေးတယ်။ အဲ့လိုဆိုတော့ ခြေလျင်တပ်ရင်းအတွက် လက်နက်ပစ္စည်းတွေ လျော့နည်းနေမှာဖြစ်တယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် သံဃာ (၁) ပါး ခြုံရှင်းရင်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၂)ရှိ  နတ်စစ်လင်းဘုန်းကြီးကျောင်းမှာ သံဃာတော် (၁) ပါး ခြုံရှင်းနေချိန် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ရေစကြိုမှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေလို့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်ကကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Read More

စစ်ကြောင်းထိုး လက်နက်ကြီးပစ် လူသတ်နေတဲ့ စစ်အုပ်စုနဲ့ PDF တွေ စလင်းမှာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က အထိအခိုက်များပြီး ဆေးရုံပို့ထားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​​ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောက်စီဘက်က အထိအခိုက်များခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။
Read More

ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ အယောင်ပြလွတ်ငြိမ်း‌များတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ မပါဝင်သည့်အတွက် နိုင်ငံတကာဖိအားများ ဆက်ရှိနေမည်

အကြမ်းဖက်စစ်တပ်ရဲ့ အယောင်ပြလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အရေးပါတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင်လာသေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်တာနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ISP-Myanmar က ဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းမှု ငါးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူပေါင်း ၃၀,၀၃၉ ကို ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အဲဒီအနက် ၁၁,၄၂၄ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၂၂,၇၀၂ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။