ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၆ ရက် မနေ့က နောင်လင်းကျေးရွာနဲ့ နောင်ဖာကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး (၃၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၁၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် (၁)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဉာဏ်တောကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး (၃၁)လုံး၊ ဒရုန်းနဲ့ ဗုံး (၁၅)လုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၅)ရက်ကလည်း နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံး၊ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
Read More

အနန်းကွင်းဗျူဟာကုန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ က တစ္ဆေစစ်ကြောင်းကို တိုက်ခိုက်ရာ အများအပြား သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အနန်းကွင်းဗျူဟာစခန်းကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အများအပြား ရှိတယ်လို့ Lion Battalion စစ်ကြောင်းကမှာ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်လူငယ်များ၏ ခံစားချက်ပုံဖော်မှု “အော်ပရာ” Ebook ကဗျာစာအုပ်၊ အကျိုးအမြတ်များကို ဖမ်းဆီးခံ UG များ ထောင်ဝင်စာနှင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်

ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ "အော်ပရာ" အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။
Read More

BPLA တပ်သားသစ်များ ဆက်တိုက်ခေါ်ယူသွားမည်ဟု အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်အာဏာရှင်ကို တွန်းလှန်ဖို့ တပ်သားသစ်တွေ ဆက်တိုက်ခေါ်ယူသွားမယ်လို့ ဒီနေ့ မတ်လ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရှင်သန်ရေးအတွက် စစ်တပ်ကင်းစင်နယ်မြေတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုတွေရှိနေသလို၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြည်သူတွေကို အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိနေတယ်လို့ BPLA က ထုတ်ပြန်ပါတယ်။