မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့နယ်အတွင်း အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာကြားဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၉၉ လက်အောက်ခံ တယောစစ်ကြောင်းကို  ဇွန် ၂၄ ရက် ညနေပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ၃ ယောက် သေကာ ၇ ယောက် ဒဏ်ရာရရှိခဲ့သလို ဒဏ်ရာရရှိသူတွေထဲက တစ်ယောက်က ဇွန် ၂၅ ရက် မနက်မှာ ထပ်မံသေဆုံးသွားတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဆိုပါတယ်။

မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ မိထ္ထီလာ ၊ သာစည်တော်လှန် ရေးအင်အားစု၊ DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်၊ ၁ ဦးသေပြီး အရာရှိအပါ ၆ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း - Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန်တိုးမြှင့် ဆောင်ရွက်သွားမည်ဟု CNF ထုတ်ပြန်

ချင်းအမျိုးသားတပ်ဦး (CNF) အနေနဲ့  ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အရှိန် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မတ်လ ၂၀ ရက်မှာ ကျရောက်မယ့် ၃၇ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လက်ပံတောင်းတောင်ဒေသ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ချင်းတွင်းမြစ်အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း သိရပါတယ်။