ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၄ ရက် မနေ့က ညနေပိုင်းမှာ ကျောက်မဲမြို့ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၇ တို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်ခံရတဲ့ ရပ်ကွက်အတွင်းရှိ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်သေဆုံးခဲ့သလို အခြားအမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က အသိပေးထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း မှော်ဘီလေတပ်စခန်းကို Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၉ ရက် ညပိုင်းအချိန်က Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) ထံက သိရပါတယ်။
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် ရတခ လက်အောက်ခံ ခမရ(၃၃၈) တပ်သား ထက်မြဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''ဘာ‌ကြောင့်အလင်းဝင်လာလဲဆိုတော့ သူတို့ စိုးမိုးမှုအောက် မနေချင်လို့။ သူတို့လှမ်းမယ့် လမ်း ကြောင်းတစ်ခုအတွက် ကျနော်တို့ကို လမ်းခင်းပြီးသွားတဲ့  ပုံစံမျိုး။ ပေါ်တာဆွဲတယ် ညှင်းပန်း နှိပ်စက်ခံရတယ်ဆိုလည်း ပြည်သူလူထုပဲ။ သူဘာသူအပြင်မှာနေနေတဲ့ မိသားစုဘဝလေးတွေလည်း ပျက်စီးခဲ့ရတယ်'' 
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်မှု ယာဉ် ၂ စီး ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတင်ယာဉ်နဲ့ သံပြားကာယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ချောင်းဦး မြို့အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။
Read More

ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်း F-16 တိုက်လေယာဉ်များ ပစ်ခတ်ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှု စစ်ပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ Chey Chumneah တံတားကို ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားပါတယ်။