မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ရက် ၂၀ ကြာ စစ်ကြောင်း ထိုးလာတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ People’s Defence Force -Yenangyaung က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်က စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကျောက်ပန်း‌တောင်မြို့နယ် စည်ပင်ပျူစခန်းက ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အင်အား ၁၅၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိန်း ချုပ်နယ်မြေအတွင်း ဝင်ရောက်လာတဲ့အတွက် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ကံသာ(ရွာသစ်)နဲ့ လွန်ပင်ရှိုကျေးရွာက နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ပြီး လွန်ပင်ရှို့ကျေးရွာက ပြည်သူ ၁ ယောက်နဲ့ အင်တောကျေးရွာက ပြည်သူ ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရက် ၂၀ ကြာ လှည့်ပတ်စစ်ကြောင်းထိုးပြီးနောက် ဇွန်လ ၁၆ ရက်မှာ ကုန်းအိုင်၊ ဖောင်ကွဲလမ်းကတစ်ဆင့် ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို People’s Defence Force -Yenangyaung (YNG-PDF) ၊ Tamar Myay Special Column၊ Yenanthar Columnနဲ့ အင်တောတိုက်နယ် (ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – People’s Defence Force-Yenangyaung

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဟိန်းမင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''ကျနော်တို့ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေ၊ နေ့စဉ်နားထောင်နေရတဲ့ဟာတွေ တာဝန်တွေက အဓိပ္ပာယ်မရှိဘူးထင်လို့ အလင်းလာဝင်တာ။ စကစဝါဒဖြန့်ထားတဲ့ဟာက အမှားကြီးပေါ့။ သူတို့က အောက်‌ရောက်ရင် သတ်ပစ်တယ်ပြောတယ်။ အဲလိုမဟုတ်ပါဘူး။ အောက်ရောက်လို့ရှိရင် ကြိုဆိုမယ့်သူတွေက အများကြီးပါ။ လက်ဆွဲနှုတ်ဆက်မယ့်သူက အများကြီးပါ။ လာမယ်ဆို လာလို့ရပါတယ်''
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေး ရွာအနီး အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၃ စီး ပြင်းပြင်းထန်ထန်ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာပြည်သူ ၃ ယောက်မှာ ၁ ယောက်က လူသားချင်းစာနာထောက်ထားမှုများ လိုအပ်နေသည်ဟု ဗြိတိသျှသံရုံးအကြီးအကဲ ပြော (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေဟာ ပြည်သူတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး ပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ လူသားချင်းစာနာထောက်ထားမှုတွေ လိုအပ်နေတယ်လို့ ဗြိတိသျှ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားခဲ့ပါတယ်။
Read More

စလင်းမြို့နယ် သစ်ခေါက်တောင်ရွာကင်းစခန်းကို လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်

မကွေးတိုင်း စလင်းမြို့နယ် သစ်ခေါက်တောင်ရွာမှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကင်စခန်းကို နိုဝင်ဘာ ၂၂ ရက် မနေ့က လက်နက်ငယ်တွေနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerilla အဖွဲ့ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အထိနာကာ အရပ်သားနေအိမ် အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အထိနာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု မကျည်းပင်တဲရွာဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာစဉ် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှူး ငတွန်ဦးဆောင်တဲ့ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။