မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၄ ရက်က စလင်းမြို့နယ် ကံပြားရွာက ထွက်လာတဲ့ တင့်ကား ၄ စီးနဲ့ အင်အား ၂၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်‌ကောင်စီစစ်ကြောင်းဟာ အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံး ဖောက်ခွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းကို ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တင့်ကား တွေ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ကံပြားရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ခြေလျင်စစ်ကြောင်းကိုလည်း ပုသိမ်-မုံရွာလမ်းပေါ်မှာ အကြိမ်ကြိမ် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အထိနာခဲ့ပြီး ဇွန်လ ၁၆ ရက်မှာ တောလမ်းအတိုင်း စစ်ကြောင်းထိုးကာ ခင်ပလူရွာသို့ ဝင်ရောက်ချိန် တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါ တယ်။

ဇွန်လ ၁၇ ရက်မှာ ပိတ်ဆည်ကျေးရွာကို ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ပိတ်ဆည်ကျေးရွာက နေအိမ်တွေကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

၅ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း၊ ဒေါင်းညီနောင် မြို့ပြပျောက်ကြားအဖွဲ့ ၊ အမှတ်(၅)တပ်ရင်း Droneတပ်ဖွဲ့၊ စလင်းမြို့နယ် (ပကဖ)၊ မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၊ မင်းဘူးခရိုင် (ပကဖ)၊ ဒေါင်းစစ်အောင် LPDF၊ SLN LPDF၊ ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်း ဆေးတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာခရိုင် စိုးမိုးနယ်မြေအတွင်း MPDF – DEMO တပ်ခွဲမှာ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်) သင်တန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း အမှတ်(၁) တပ်ရင်း (Demo) တပ်ခွဲရဲ့ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်)သင်တန်းကို မုံရွာခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင် (ရုပ်/သံ)

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘလယ်ဒို စခန်းကနေ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့ လက်နက်တွေကို ဗိုလ်တာဘော ကြည့်ရှုစစ်ဆေး (ရုပ်သံ)

ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ ပူးပေါင်းတပ်တွေက တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မကြာမီမှာပဲ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကို Cobra Column က စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်တာဘောက ကြည့်ရှုစစ်ဆေးနေတဲ့ ရုပ်သံဖိုင်လာထွက်ပေါ်လာပါတယ်။