ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို ဇွန်လ ၂၂ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O) တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KNU တို့ မာနယ်ပလောဌာနချုပ်က ဆုတ်ခွာရပြီးနောက် ထီကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလမှ စတင်ကာ KNU ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ပြောင်းရွှေ့ပြီး (၂) နှစ်မပြည့်မှီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ အကြမ်းဖက်စစ်တပ်ရဲ့ ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်တာကို ခံခဲ့ရပြီးနောက် (၂၈) နှစ်အကြာမှာမှ ထီးကပလယ် တပ်စခန်းကို ပြန်လည်ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြန်လည်သိမ်းပိုက်ရရှိတဲ့ ထီးကပလယ် တပ်စခန်းရှေ့မှာ တွေ့ရတဲ့ K.N.L.A၊ K.N.D.O နဲ့ P.D.F တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးခရိုင် ပကဖ စစ်ကြောင်းအတွက် ကဝ မြို့နယ် ပကဖ မှ စစ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများ မျှဝေထောက်ပံ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်ပကဖ ခရိုင်စစ်ကြောင်းက ရဲဘော်တွေအတွက် ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စစ်အသုံးအဆောင်နဲ့ ရိက္ခာတွေ မျှဝေပေးခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ငါးသရောက်မြို့က စစ်ကောင်စီရဲ့ ရုံး ၄ ရုံးကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့က စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ လက်အောက်ခံ ရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။