”ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်က သူငယ်ချင်း ၂ ယောက်အပြင်သွားတဲ့ အချိန်မှာ ပေါ်တာဆွဲခံရတာ။ ဆိုင်ကယ်လိုင်စင်ဖမ်းတာ လိုင်စင်မရှိလို့။ သူငယ်ချင်းကို ပြန်လွှတ်လိုက်ပြီး ကျနော့်ကို အချုပ်ထဲမှာ ၂ ရက်ထားတယ်။ တောင်ငူစုဆောင်းရေး မြို့သစ်ကို ပို့တာ။ ညဆိုရင် ကင်းစောင့်ခိုင်းပြီးတော့ တခါတလေကျရင် ညဆို တစ်ညလုံး ကင်းစောင့်ခိုင်းတယ်။ အနားလည်း မပေးဘူး။ ထမင်းကျ ဝဝဖြိုးဖြိုးလည်း မစားရဘူး။ တညလုံးကင်းစောင့်ပြီး နေ့ခင်းကျတော့လည်း ပေးမအိပ်ဘူး။ အိပ်ငိုက်တော့လည်း နောက်က လေးခွနဲ့ပစ်ခံရတယ်။ စစ်တပ်ထဲက ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မရပါဘူး။ ဒါပေမယ့် အခုက ၂၅ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက်က အခွင့်အရေးရခဲ့တယ်။ အခွင့်အရေးရပြီးတော့ ကျနော်တို့ ထွက်ပြေးလာတယ်။ လက်နက် တစ်ယောက်တစ်လက်ပါတယ်၊ ခဲယမ်းတွေလည်း ပါတယ်”
— Previous article
မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်
Next article —
အမေရိကန်ဗုံးကြဲလေယာဥ်များ အီရန်၏ နျူကလီးယားစက်ရုံများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ဟု ထရမ့် ကြေညာ
You May Also Like
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများဖြစ်သည့် ခရိုင်ရဲမှူး၊ မြို့နယ်ရဲတပ်ဖွဲမှူး နှင့် ဒု-ရဲမှူးတို့၏ ပြောကြားချက် (ရုပ်/သံ)
- January 24, 2025
“၆ ရက် ၁ လ ၂၀၂၅ ရက်နေ့မှာ ကျနော်တို့ကို ထိန်းသိမ်းထားတဲ့ ကျောင်းဆောင်ကို ည ၁၁ နာရီ ၁၅ မိနစ်အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်ခံရပါတယ်။ ကျနော်တို့ဆီက အရာရှိရဲအုပ် ၁ ယောက်၊ ဒုရဲအုပ် ၃ ယောက်၊ အခြားအဆင့် ၃ ယောက် မှီခိုသူအမျိုးသမီး ၁ ယောက် ၈ ယောက် ကျဆုံးခဲ့ပါတယ်။ ကျနော်တို့ကတော့ အဲလိုလာတိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့လည်း ရဲဝန်ထမ်းကနေ အဖမ်းခံထားရတာဆိုတော့ အဲလိုတိုက်ခိုက်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး”
အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)
- November 6, 2024
“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
တောင်ညိုတပ်ရင်းတွင် မိသားစုလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်ထောက် အရာရှိ ကိုသက်ကြီး၏ တော်လှန်ရေးစကားသံ (ရုပ်/သံ)
- June 3, 2025
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို တောင်ညိုတပ်ရင်းက ဖော်ပြခဲ့ပါတယ်။
CDF – Asho မှ ဖမ်းမိထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မေးမြန်းချက် (ရုပ်/သံ)
- March 7, 2025
CDF - Asho က ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ စားသောက်နေထိုင်ရေး အခြေအနေတွေကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။
KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) ပစ/တပ်သား- နှင်းမောင်၏ ပြောကြားချက် (ရုပ်သံ)
- July 26, 2025
''ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး''
ကျား/မ ဖြစ်တည်ခြင်းထက် အာဏာရှင်ပြုတ်ကျရေးက ပိုအရေးကြီးလို့ တောထဲရောက်လာတဲ့ မိတလဉာဏ် (ရုပ်/သံ)
- September 16, 2024
ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ကိုင်တဲ့နေရာမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာတွေကို သူမက ပြောပြပေးသွားမှာပါ။