အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ ထရမ့်နဲ့အတူ ဒုတိယသမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ စစ်ဦးစီး အရာရှိချုပ် ဒန်ကိန်းတို့ ရှိနေတာကို တွေ့ရပါတယ်။ 

ထရမ့်ကတော့ သူ့ရဲ့ ရွေးကောက်ပွဲကြို ကြွေးကြော်သံ စကားစုဖြစ်တဲ့ ‘Make America Great Again’ စာတန်းပါ အနီရောင်ဦးထုပ်ကို ဆောင်းထားခဲ့ပါတယ်။

အမေရိကန်စံတော်ချိန် ဇွန်လ ၂၁ ရက် ညပိုင်းမှာ အမေရိကန်ဟာ အစ္စရေး-အီရန် စစ်ပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန် နျူကလီးယား စခန်း ၃ ခုကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ 

ထရမ့်က အီရန်မှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးဟာ အထူးအောင်မြင်ခဲ့ပြီး ပစ်မှတ် အဆောက်အအုံတွေကို အလုံးစုံ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

(ဓာတ်ပုံ The WhiteHouse’s X)

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

ထိုင်းနိုင်ငံရှိ မုန့်မျိုးစုံ ထုတ်လုပ်သည့် အလုပ်ရုံမှ ထုတ်ပယ်ခံရသည့် အလုပ်သမားများအတွက် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မုန့်မျိုးစုံထုတ်လုပ်သည့် အလုပ်ရုံကနေ အလုပ်ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စောချစ်သူ ဘုရားကျောင်းနှင့် စာသင်ကျောင်းများ ဆောက်နေပြီး ထွက်ပြေးတာ မရှိဘူးဟု BGF ပြောခွင့်ရ  နိုင်မောင်ဇော် ပြော

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှု ခံထားရသူလည်းဖြစ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လည်ပတ်ရာမှာ အဓိကကျတဲ့နေရာက ပါဝင်သူတစ်ယောက်လည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောင်လုပ်နေပြီး အပြစ်မရှိတာကြောင့် ထွက်ပြေးတာမရှိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြပါတယ်။ 
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။