ရုရှားဟာ မြန်မာစစ်ကောင်စီနဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တရပ်ကို ဇွန်လ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ နယ်မြေတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရုရှားကုမ္ပဏီတွေကို ဆွဲဆောင်ဖို့ မြန်မာဘက်က အဆင်သင့်ဖြစ်မှုကို အထူးသတိပြုမိတယ်” လို့ ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov က စိန့်ပီတာစဘတ်မြို့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေး ဆက်ဆံရေးဝန်ကြီး ကန်ဇော်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီးမှာ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက်အရ ၆၆၀ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် စီမံကိန်းတွေကို အရှိန်အဟုန်မြှင့် ကူညီပေးမှာဖြစ်တယ်လို့ ရုရှားက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားဟာ စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးအရ ကျောထောက်နောက်ခံပြုနေသလို၊ ရုရှရဲ့ ယူကရိန်းကျူးကျော်စစ်ကိုလည်း စစ်ကောင်စီက ထောက်ခံပြောဆိုထားတာပါ။

News- The StraitsTimes/ Photo-AFP

ပြီးခဲ့တဲ့ မတ်လကလည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယားစက်ရုံ တည်ဆောက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။

ထားဝယ်စီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုကိုတော့ အဲဒီမတိုင်ခင် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့ကြပါတယ်။
သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်ဟာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သတ္တုဗေဒ၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေ အပါအဝင် နယ်ပယ်အသီးသီးက ပူးပေါင်းဆောင်ရွက်မှုတွေကို လွယ်ကူချောမွေ့စေမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွား၊ အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေ…

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်က ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် သေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

ငလျင်ဘေးသင့် ဒေသတွေမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးဖို့ ဂျပန်စစ်လေယာဉ် ရောက်ရှိ

ငလျင်ဒဏ်သင့်ဒေသတွေမှာ အကူအညီပေးဖို့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ဂျပန် စစ်လေယာဉ်ဟာ ဒီနေ့ ဧပြီလ ၉ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရိုဟင်ဂျာ ၃၀၀ နီးပါးတင်ဆောင်ပြီး မလေးရှားကို ဝင်လာသည့် လှေတစီး အိန္ဒိယသမုဒ္ဒရာတွင် နစ်မြုပ်၊ ၁ ဦး သေ ဒါဇင်ချီ ပျောက်ဆုံး

ရိုဟင်ဂျာမွတ်ဆလင် အယောက် ၃၀၀ နီးပါးတင်ဆောင်လာတဲ့ လှေတစီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း-မလေးရှား ရေကြောင်းနယ်နိမိတ်အနီး အိန္ဒိယသမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့ကြောင်း မလေးရှားအရာရှိတွေက နိုဝင်ဘာလ ၉ ရက် တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပူးပေါင်းဆောင်ရွက်ရေး တောင်ကိုရီးယားလွှတ်တော်အမတ်နှင့် ဆက်လက်တွေ့ဆုံဆွေးနွေး…

ထိုင်းနိုင်ငံကို အ‌ကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေက တောင်ကိုရီးယားလွှတ်တော်အမတ် ဂန်အီးလီနဲ့ မတ်လ ၅ ရက်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။