ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Kenni Twilight Zoneမှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၇ ရက် နံနက်ပိုင်းက တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာ တဲ့ စစ်ယာဉ် ၁၁ စီးအား ထိုးဘိုကြီးကျေးရွာအထွက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ယာဉ် ၁ စီး ထိုးဝါးချောင်းကျေးရွာအနီး တိမ်းမှောက်သွားပြီး ယာဉ်တန်းအား လမ်းကင်းလုံခြုံရေးပေးထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိုးဝါးချောင်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဘောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ ၆၀ မမ ဗုံးသီး ၅လုံး၊ ၅.၅၆ ကျည် ၅၀၀၊ လက်ပစ်ဗုံး ၃ လုံး၊MA ကျည်ဘောက် ၄ ခုနှင့် ၁၄မိုင်း ၄လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNU တပ်မဟာ(၂)တပ်ရင်း(၅)လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင် ၃၅၀၂ တပ်ခွဲ(၁)/(၂) တို့ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Kenni Twilight Zone
0 Shares:
You May Also Like
Read More

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team ထုတ်ပြန်ပြသ (ရုပ်/သံ)

မောင်းသူမပါဘဲ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်လှေငယ်ကို KLG Drone Team က ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်အတွက် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန်ချိုးကာ အောင်မြင်ခဲ့သည်ဟု ကိုထိန်လင်း ပြော (ရုပ်/သံ)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းဟာ ဂင်းနစ်စံချိန် ချိုးနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက ဆိုပါတယ်။
Read More

တောင်ငူမြို့ ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ရွှေ့ပြောင်းနေရပြီး အရေးပေါ်သုံးပစ္စည်းများ လိုအပ်နေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ အရေးပေါ်သုံး ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ အဝတ်အ ထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

မုံရွာ -မန္တလေးလမ်းပေါ် ခရီးသွားပြည်သူများထံ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို အဓမ္မပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူတွင် ပစ္စည်းခိုး မီးရှို့နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်တာ တိုက်ပွဲဖြစ်၊ စစ်သားအများအပြား သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပစ္စည်းခိုးယူ မီးရှို့ဖျက်ဆီးနေတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခမရ ၅၉၈ ကို စစ်ကူပေးနေသည့် စစ်ကော်မရှင်တပ်သားများ ခိုအောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။