အစ္စရေး-အီရန်ပဋိပက္ခအရေး အဆုံးသတ်ဖို့ ကြိုးပမ်းချက်အနေနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နဲ့ EU ခေါင်းဆောင်တွေဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နဲ့ သောကြာနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

သီတင်းတစ်ပတ်ကြာ အရှိန်မြင့်တက်နေတဲ့ ပဋိပက္ခကို ဆွေးနွေးဖို့ မဟာမိတ်တွေရဲ့ ကြိုးပမ်းမှုမှာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းအရေး သံတမန် Steve Witkoff အနေနဲ့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်ရဲ့ နျူကလီးယားစခန်းတွေကို အမေရိကန်စစ်တပ်က တိုက်ခိုက်ဖို့ စဉ်းစားနေဆဲဖြစ်ကြောင်းနဲ့ “နောက်နှစ်ပတ်အတွင်းမှာ တိုက်ခိုက်မှု ဖြစ်မဖြစ်ကို ကျနော့်အနေနဲ့ ဆုံးဖြတ်သွားမယ်” လို့ ထရမ့်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

EU နဲ့ အီရန်တို့ရဲ့ တွေ့ဆုံမှုမတိုင်ခင် ကြာသပတေးနေ့ကတော့ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းသံတမန် Steve Witkoff နဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။

Benjamin Netanyahu (ဝဲဘက်) ကို အမေရိကန်သမ္မတ ဒေါ်နန်ထရမ့်နှင့်အတူ ပြီးခဲ့သည့် ဧပြီလတုန်းက ဝါရှင်တန်တွင် အတူတွေ့ရစဉ် (ဓာတ်ပုံ Kevin Mohatt/ Reuters)

သူတို့အနေနဲ့ “ပိုမိုနက်ရှိုင်းလာတဲ့ ပဋိပက္ခကို ရှောင်ရှားဖို့ အီရန်က ဘယ်လို အပေးအယူမျိုး လုပ်ရမလဲ” ဆိုတာ ဆွေးနွေးခဲ့ကြတယ်လို့ Lammy က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အီရန်နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်ရာမှာ အမေရိကန်အနေနဲ့ အစ္စရေးနဲ့ ပူးပေါင်းဖို့ရှိမရှိ ၂ ပတ်အတွင်း ဆုံးဖြတ်မယ်လို့ ထရမ့်ရဲ့ပြောဆိုထားမှုကို ရည်ညွှန်းပြီး “လာမယ့် နှစ်ပတ်အတွင်းမှာ သံတမန်နည်းလမ်းနဲ့ ဖြေရှင်းနိုင်တဲ့ ကယ်ပေါက်တစ်ခုရှိနေတယ်”လို့ သူက ပြောထားပါသေးတယ်။

တရုတ်ကတော့ ဂျော်ဒန်နဲ့ အီဂျစ်နယ်စပ်တွေကို ဖြတ်ပြီး အစ္စရေးမှာရှိတဲ့ တရုတ်နိုင်ငံသား ၃၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်အနေနဲ့ “အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အမြန်ပြန်လည်ရရှိဖို့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့” ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေး၏တိုက်ခိုက်မှုအပြီးတွင် Maxar Technologies မှ ထုတ်ပြန်သော ဂြိုလ်တုဓာတ်ပုံတွင် အီရန်နျူကလီးယားနေရာ Natanz ကိုပြသထားသည်။ (ဓာတ်ပုံ AFP)

အဲဒီမတိုင်ခင် ကြာသပတေးနေ့က သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ဖုန်းခေါ်ဆိုမှုမှာတော့ သူတို့နှစ်ယောက်က အစ္စရေးရဲ့ လုပ်ရပ်တွေဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေကို ချိုးဖောက်တာဖြစ်ကြောင်း၊ အပြင်းအထန်ရှုတ်ချခဲ့ကြောင်း ကရင်မလင်နန်းတော်ရဲ့ အဆိုအရ သိရပါတယ်။

ပေကျင်းရဲ့ မှတ်တမ်းအရ ရှီက အစ္စရေးကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း လေသံတင်းတင်းနဲ့ ပြောဆိုခဲ့တယ်လို့ CNN က သတင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ရှီက နောက်ထပ် ပဋိပက္ခတွေတိုးမလာအောင်နဲ့ ဒေသတွင်း ဘေးထွက်ဆိုးကျိုးတွေမဖြစ်အောင် စစ်ဖြစ်နေတဲ့ အုပ်စုတွေ အထူးသဖြင့် “အစ္စရေး” အနေနဲ့ အမြန်ဆုံး အပစ်ရပ်ဖို့ တိုက်တွန်းထားသလို ထရမ့်ရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပဋိပက္ခဖြစ်နေတဲ့ အုပ်စုတွေအပေါ် လွှမ်းမိုးနိုင်တဲ့ “အင်အားကြီးနိုင်ငံတွေ” အနေနဲ့ ပဋိပက္ခ “အခြေအနေကို ပိုမဆိုးစေဘဲ ငြိမ်သက်အောင်” လုပ်ရမှာဖြစ်တယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်မှာ အနည်းဆုံး လူ ၆၃၉ ယောက် သေဆုံးခဲ့ကြောင်း ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြထားသလို လူပေါင်း ၂၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း အစ္စရေးရဲ့ သေဆုံးသူစာရင်းဟာ ၂၄ ယောက်သာ ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား – NBC News

0 Shares:
You May Also Like
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြောက်ဦးဆေးရုံ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်တပ်က လူသားချင်းစာနာမှုအပေါ် အလေးမထားကြောင်း ပြသခြင်းဟု APHR ပြောကြား

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

မြန်မာစစ်ပွဲအပေါ်  နိုင်ငံတကာရဲ့တုံ့ပြန်မှု ‘အလုပ်ဖြစ်မနေဘူး’ လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြော

မြန်မာ့ပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေဟာ အလုပ်မဖြစ်တာ ရှင်းလင်းနေတယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်ကောင်စီကို ငွေ၊ လက်နက်နဲ့ တရားဝင်မှုတွေ ဖြတ်တောက်ဖို့ တိုက်တွန်းထားပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးမယ်လို့ တောင်ကိုးရီးယားသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးအပ်သွားမယ့် အစီအစဉ်ကို တောင်ကိုးရီးယားသမ္မတ ယွန်ဆော့ယိုလ်က အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။