စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖထံက သိရပါတယ်။

ဇွန်လ ၁၉ရက် နေ့လယ်ပိုင်းမှာ ရဲတပ်ရင်း ၂၈ နဲ့ နမခ က စစ်ကောင်စီတပ်သားတွေ ပူးပေါင်းအင်အား ၅ဝ ကျော်နဲ့ စစ်ကြောင်းထိုးလာချိန် တိုက်နယ် (၂) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မဲမှောက်ပြောက်ကျား) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ၄ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းက ဝမ်ပေါင်ကုမ္ပဏီနဲ့ ချင်းတွင်းတံတားအကြားက ပုသိမ်-မုံရွာလမ်းပိုင်းကို အသုံးပြုချင်လို့ စစ်ကြောင်းထွက်လာတာ.. ရဲတပ်ရင်း ၂၈ ကအထွက် ခမ်းလှမ်းလှမ်းပဲ ဆွဲလိုက်တာ။ သေဆုံးတာကတော့ သူတို့အလောင်းတွေ သယ်သွားတာကို အနီးနားက ဒေသခံတွေ မြင်ရတာ” လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မိုင်းတွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက အဲ့ဒီ အနီးနားတဝိုက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

“ခရီးသွားကားအချို့ကို တားထားပြီးမှ အလောင်းတွေ သယ်သွားတာ။ သယ်ပြီးမှ လမ်းပြန်ဖွင့်တာပေါ့နော်” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

မိုင်းဆွဲခံရသည့် စစ်အုပ်စု၏ အသုံးအဆောင်အချို့ (ဓာတ်ပုံ ယင်းမာပင် ပကဖ)

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် စစ်ကြောင်းဆုတ်လာသည့် အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦးသေပြီး အများအပြား ဒဏ်ရာရ…

" ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သား ၉ ဦးကို အမည်နှင့်တကွ အတည်ပြုထားဟု AAPP ထုတ်ပြန်၊ အတည်မပြုရသေးသည့် သေဆုံးသူအရပ်သား ၁၃ ဦး ရှိဟု ဆို

နိုင်ငံတစ်ဝန်း ဇူလိုင်လရဲ့ ပထမ ရက်သတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

ကျောက်မဲ နောင်ပိန်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးထက် မနည်းသေဆုံး၊ သေဆုံးဦးရေ ထပ်တိုးနိုင်ခြေ ရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network - RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။